နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19နှင့်သွေးလွန်တုပ်ကွေးရောဂါနှိမ်နင်းရေးဆောင်ရွက်

ရန်ကုန် စက်တင်ဘာ ၂


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်များဦးဆောင်၍ စျေးများဌာန၊ ကျန်းမာရေးဌာနနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများပူးပေါင်းကာ ယနေ့နံနက်ပိုင်းမှစ၍ ကြည့်မြင်တိုင်မြို့နယ် ထီးတန်းစျေး၊ လသာမြို့နယ် သံစျေး၊ သိမ်ကြီးစျေး၊ ရန်ကင်းမြို့နယ် မြို့မစျေး၊ အလုံမြို့နယ် သခင်မြပန်းခြံ ကားဂိတ်တို့တွင် mask campaign ကျင်းပကာ ပြည်သူများနှာခေါင်းစည်းတပ်ဆင်ရေး၊ ကျန်းမာရေးအသိရှိရေး ပညာပေးဆောင်ရွက်ခြင်း၊ လမ်းမတော်မြို့နယ်အတွင်း ကလိုရင်းဆေးဖျန်းခြင်း၊ အဘိတ်ဆေးခပ်ခြင်း၊ ကမ်းနားလမ်းညစျေးနှင့် မြောက်ဥက္ကလာပမြို့နယ်ရှိစားသောက်ဆိုင်များအားရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီရောင်းချစေရေးကြပ်မတ်စစ်ဆေးခြင်း၊ မင်္ဂလာဒုံမြို့နယ် ဝါယာလက်(၁)လမ်းတွင်အဘိတ်ဆေးခပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သတင်း-သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ