နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရခိုင်ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဈေးကွက်အတွင်း ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စွာ ရောင်းဝယ်နိုင်ရေးအတွက် UMFCCI နှင့် ရခိုင်ပြည်နယ် CCI တို့ လက်တွဲကြိုးပမ်း ဆောင်ရွက်ရေးဆွေးနွေး

ရန်ကုန် စက်တင်ဘာ ၂


လမ်းမတော်မြို့နယ်  UMFCCI  တွင်  ရခိုင်ပြည်နယ်အတွင်း   ကူးစက်ဖြစ်ပွားနေသော   COVID-19 ကပ်ရောဂါ၏   နောက်ဆက်တွဲ အကျိုးဆက်ကြောင့်   စားနပ်ရိက္ခာများ၊   လူသုံးကုန်များ၊  ဆေးဝါးနှင့် ဆေးပစ္စည်းများကို   ဈေးကွက်အတွင်း   ပြတ်လပ်မှုမရှိစေရန်နှင့်   ဈေးနှုန်းတည်ငြိမ်စွာ    ရောင်းဝယ်နိုင်ရန် ကုန်သည်စက်မှုအသင်းချုပ်သည် ရခိုင်ပြည်နယ် CCI နှင့် ပူးပေါင်းဆောင်ရွက်ရေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် ဆွေးနွေးခဲ့သည်၊၊ 

ကုန်သည်စက်မှုအသင်းချုပ်မှ COVID-19ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုများ ဖြစ်ပေါ်နေသည့် ရခိုင်ပြည်နယ်သို့ အရေးပေါ်လိုအပ်မည့် ဆေးရုံသုံးပစ္စည်းများ၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများ လှူဒါန်းသွားမည်ဖြစ်ပြီး အသင်းသူ အသင်းသားများ၊ ညီနောင်အသင်းအဖွဲ့များ၊ အမှုဆောင်များနှင့် လုပ်ငန်းရှင်များမှလည်း ထည့်ဝင်လှူဒါန်းလိုပါက ပူးပေါင်းပါဝင်ရန် တိုက်တွန်းနှိုးဆော်ထားသည်။

အစည်းအဝေးကို   Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး အသင်းချုပ်အထွေထွေအတွင်း ရေးမှူးချုပ် ဦးအေးဝင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းစည်သူ၊ ရခိုင်ပြည်နယ် ကုန်သည် များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးတို့ တက်ရောက် ဆွေးနွေးခဲ့သည်။  


ကျော်ဆန်းမြင့်






အခြားဆက်စပ်သတင်းများ