နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကောလင်းမြို့နယ်၌ တစ်ရက်တည်း မူးယစ်ဆေးဝါးနှစ်မှု ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ မတ် ၂၈ ရက်တွင် တစ်ရက်တည်း မူးယစ်ဆေးဝါးနှစ်မှုကို ဖမ်းဆီးရမိသည်ဟုသိရသည်။ ကောလင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်၊ သုံးစွဲမှု့လျှော့ချနိုင်ရေးအတွက် ကောလင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအုံးလွင်က အထူးစီမံချက်ရေးဆွဲကာ၊ စခန်းမှူး ဒုရဲမှူးမျိုးသူက အနီးကပ်ကြီးကြပ် ကွပ်ကဲ ပြီး နယ်ထိန်းတပ်ဖွဲ့ဝင်များက အထူးကြိုးစားဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိရာ ပထမဖြစ်စဉ်မှာ မူးယစ်ဆေးဝါးရောင်းချနေသည်ဟုသတင်းရရှိ၍ နယ်ထိန်းခေတ္တခေါင်းဆောင်ဒုရဲအုပ်သက်ဇော်ဦး၊ တပ်ကြပ်ကြီးရွှေဇင်အောင်၊ ဒုတပ်ကြပ်ရန်မျိုးနိုင်၊ ညီညီဝင်းထက်နှင့်အသိသက်သေများသည် မွန်းလွဲ ၁ နာရီက ကြို့ပင်ကျေးရွာ အနောက်ဘက်ဆီးတောအတွင်း မူးယစ်ဆေးဝါးရောင်းချနေသည်ဟု သတင်းရ သဖြင့် သွားရောက်ရှာဖွေရာ ရွာကုန်းကြီးကျေးရွာနေထိုင်သူ ကျော်ရွှေအား ဆီးတောအတွင်း မန်ကျည်းပင်အောက်တွင်အသင့်တွေ့ရှိပြီး ယင်းကိုရှာဖွေရာ အင်္ကျီအိတ်ကပ်အတွင်းမှ ဘိန်းဖြူ ၀ ဒသမ ၂ ဂရမ်ပါ ပင်နီဆီလင် ၄ ပုလင်း၊ မန်ကျည်းပင် အောက်မြေကြီးထဲမြှုပ်ထားသော ဘိန်းဖြူ ၀ ဒသမ ၁ ဂရပ်ပါ၊ ပင်နီဆီလင် ၂ ပုလင်းတို့ကို အသိသက်သေများရှေ့တွင် သိမ်းဆည်းရမိသည်။ ဒုတိယဖြစ်စဉ်မှာ ညောင်ပင်ရိုးကျေးရွာဘက်မှလမ်းလျှောက်ပြန်လာသော ကြို့ပင်ကျေးရွာနေထိုင်သူ ဇော်ထွန်းအား ရပ်တန့်ရှာဖွေရာ ယင်း၏လက်ထဲမှ LOVE IS FLOWER စာတန်းပါ အနီရောင် ဆပ်ပြာခွက်အတွင်းမှ ဘိန်းဖြူ ၁၀ ဂရမ်ပါ ပလတ်စတစ်အိတ်တအိတ်ကို ဖမ်းဆီးရမိသည်။ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသော ကျော်ရွှေ၊ (၅၇)နှစ်၊ (ဘ)ဦးခင်မောင်၊ ရွာကုန်းကြီးရွာ၊ ကျွန်းလှမြို့နယ်၊ ဇော်ထွန်း၊ (၅၀)နှစ်၊ (ဘ)ဦးတင်ရွှေ၊ ကြို့ပင်ကျေးရွာ၊ ကောလင်းမြို့နယ်နေထိုင်သူတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မဖြင့် အရေးယူဆောင်ရွက်ထားကြောင်းသိရ သည်။ မြင့်ထွန်းမင်း(ကောလင်း)






အခြားဆက်စပ်သတင်းများ