နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်အကျဉ်းသားများ လွှတ်ပေးသည့်အစီအစဉ် ပြန်လည်စတင်

စက်တင်ဘာ ၂၊ ကာဘူးလ်


အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်အကျဉ်းသား ရာပေါင်းများစွာ လွှတ်ပေးသည့် အငြင်းပွားဖွယ် အကျဉ်းသားလွှတ်ပေးမှု အစီအစဉ်ကို ပြန်လည်စတင်နေပြီဖြစ်သည်။ ပြီးခဲ့သည့်တနင်္လာနေ့နောက်ပိုင်း အာဖဂန်နစ္စတန်အာဏာပိုင်များက အကျဉ်းသား ၂၀၀ ကို ပြန်လွှတ်ပေးခဲ့ကြောင်း တာလီဘန်အရာရှိတစ်ဦးက AFP သတင်းဌာနသို့ ပြောသည်။ တာလီဘန်အဖွဲ့က အာဖဂန်နစ္စတန် အထူးတပ်ဖွဲ့ဝင်လေးဦးကို ပြန်လွှတ်ပေးခဲ့သည်ဟု သတင်းများက ဖော်ပြသည်။ ၁၉ နှစ်ကြာမြင့်သည့် အာဖဂန်နစ္စတန်စစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးညှိနှိုင်းမှုများလုပ်ရန် ကြိုတင်သဘောတူညီမှုအဖြစ် တာလီဘန်အကျဉ်းသားများကို ပြန်လွှတ်ပေးခြင်းဖြစ်သည်။

အကျဉ်းသားအားလုံးနီးပါး ပြန်လွှတ်ပေးပြီးနောက် ရက်ပိုင်းအတွင်း ကာတာနိုင်ငံတွင် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လည်စတင်ဖွယ်ရှိသည်။
တာလီဘန် အကျဉ်းသားများကို ပြန်လွှတ်ပေးခြင်းမှာ အာဖဂန်နစ္စတန်နိုင်ငံ ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်သည့် ခြေလှမ်းတစ်လှမ်းဖြစ်သည်ဟု အာဖဂန်နစ္စတန်သမ္မတဟောင်း ဟာမစ်ကာဇိုင်က ချီးကျူးခဲ့သည်။


ပြီးခဲ့သည့်ဖေဖော်ဝါရီလက အမေရိကန်နှင့် တာလီဘန်အဖွဲ့ ချုပ်ဆိုခဲ့သည့် ငြိမ်းချမ်းရေးသဘောတူစာချုပ်တွင် လက်နက်ကိုင်အကျဉ်းသား ၅၀၀၀ ကို ပြန်လွှတ်ပေးရမည်ဆိုသည့်အချက် ပါဝင်သည်။ အာဖဂန်နစ္စတန်နိုင်ငံ၏ အုပ်ထိန်းသူများအဖွဲ့က အကျဉ်းသားများ ပြန်လွှတ်ပေးရန် ခွင့်ပြုပေးခဲ့ပြီးနောက် ပြီးခဲ့သည့်သြဂုတ်လတွင် အာဖဂန်နစ္စတန်အစိုးရက နောက်ဆုံးကျန်ရှိနေသည့် တာလီဘန်အကျဉ်းသား ၄၀၀ ကို ပြန်လွှတ်ပေးခဲ့သည်။ သို့သော် လူသားချင်းစာနာထောက်ထားမှု လုပ်သားများ၊ ယင်းတို့နိုင်ငံသားများကို အသက်ဆုံးရှုံးအောင် တိုက်ခိုက်ခဲ့သည့် တာလီဘန်အကျဉ်းသားများကို ပြန်မလွှတ်ပေးရန်  ပြင်သစ်နှင့် သြစတြေးလျနိုင်ငံများက ကန့်ကွက်ခဲ့ကြသည်။ ထို့ကြောင့် ယင်းကဲ့သို့ တာလီဘန်အကျဉ်းသားများကို ပြန်လွှတ်ပေးခဲ့ခြင်းမရှိပေ။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ