နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၀ ပြည့်နှစ် အောက်တိုဘာ(၁)ရက် နေ့မှစ၍ လုပ်ငန်းသုံးမော်တော်ယာဉ်များကို မော်တော်ယာဉ်တင်သွင်းရောင်းချခွင့်လက်မှတ်ရရှိမှသာ တင်သွင်းခွင့်ပြုပေးမည်

ရန်ကုန်  စက်တင်ဘာ ၂


၂၀၂၀ ပြည့်နှစ် အောက်တိုဘာ(၁)ရက်နေ့မှစ၍ လုပ်ငန်းသုံးမော်တော်ယာဉ်များကို မော်တော်ယာဉ် တင်သွင်း ရောင်းချခွင့်လက်မှတ်ရရှိမှသာ တင်သွင်းခွင့်ပြုပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဋ္ဌာန၊ မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ သတင်းများအရ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဋ္ဌာနအနေနှင့် ၂၀၂၀ ပြည့်နှစ်၊ ဇနဝါရီလ(၁)ရက်နေ့မှစ၍ နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် Brand Newလုပ်ငန်းသုံးယာဉ်များကိုသာတင်သွင်းခွင့်ပြုမည်ဖြစ်ပြီး ပို့ကုန်သွင်းကုန်ကုမ္ပဏီများမှ ပုံမှန်လိုင်စင်ဖြင့် လုပ်ငန်းသုံးယာဉ်တင်သွင်းခြင်း(အစား)အရောင်းစင်တာ၊ အရောင်းပြခန်းဖွင့်လှစ်၍ တင်သွင်းရောင်းချသည့်လုပ်ငန်းစဉ်ကိုသာ ဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့ပြီးဖြစ်သည်။ ထို့အပြင် မော်တော်ယာဉ်အရောင်းစင်တာ၊ အရောင်းပြခန်း၊ လုပ်ငန်းသုံး မော်တော်ယာဉ်အရောင်းစင်တာ၊ ဖွင့်လှစ်ခွင့်လုပ်ငန်းစဉ်ကို ဆောင်ရွက်ဆဲကာလအတွင်းတစ်ပတ်လျှင် လုပ်ငန်းသုံးယာဉ်(၅)စီးနှုန်းဖြင့် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။ ထို့အတူ လာမည့် (၂၀၂၀-၂၀၂၁)ဘဏ္ဍာနှစ် တွင်လည်း ၂၀၂၀ ပြည့်နှစ်အောက်တိုဘာ(၁)ရက်နေ့မှစ၍ လုပ်ငန်းသုံးမော်တော်ယာဉ်များကို မော်တော်ယာဉ် အရောင်းစင်တာ၊ အရောင်းပြခန်း၊ လုပ်ငန်းသုံးမော်တော်ယာဉ်အရောင်းစင်တာဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၂၀)၊ (၂/၂၀၂၀)၊ (၃/၂၀၂၀)ပါစည်းကမ်းသတ်မှတ်ချက်များအတိုင်း မော်တော်ယာဉ်တင်သွင်းရောင်းချခွင့်လက်မှတ်ရရှိမှသာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်းကို အသိပေးထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။                                             

ကိုသစ္စာလှိုင်






အခြားဆက်စပ်သတင်းများ