နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းမှ မြို့နယ် ၇ မြို့နယ်ကို Stay at Home ကြေညာ

ရန်ကုန်  စက်တင်ဘာ ၂


COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းအတွင်းမှ မြို့နယ် ၇ မြို့နယ်တွင်နေထိုင်သော ပြည်သူများကိုနေအိမ်တွင်နေထိုင်ရေး Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာလိုက်သည်။

Stay at Home အစီအစဉ်တွင် အကျုံးဝင်သည့် မြို့နယ် ၇ မြို့နယ်မှာ သင်္ဃန်းကျွန်း၊ အင်းစိန်၊ မြောက်ဥက္ကလာပ၊ သာကေတ၊ လှိုင်၊ ပုဇွန်တောင်နှင့် မင်္ဂလာဒုံမြို့နယ်တို့ဖြစ်ပြီး ယင်းတို့အနက် အင်းစိန် မြို့နယ်သည် ဒုတိယအကြိမ်မြောက်အဖြစ် ပြန်လည်ပါဝင်လာခြင်း ဖြစ်သည်။

''ပထမတစ်ခေါက်းတည်းက အတွေ့အကြုံရှိပြီးသားပါ။ အရမ်းကြီး စိုးရိမ်ထိတ်လန့်စရာအခြေအနေတော့ မရှိပါဘူး။ ဒါပေမဲ့ ဒီနေ့လိုအနေအထားမျိုးနဲ့ မနက်ဖြန်မှာ လုပ်လို့မရတော့ပါဘူး''ဟု အင်းစိန်မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောသည်။

Stay at Home ကြေညာလိုက်သည့်အတွက် ယင်းမြို့နယ် ၇ မြို့နယ်မှ ပြည်သူများအနေဖြင့် မိမိ နေအိမ်တွင်သာနေထိုင်ရန်၊ မဖြစ်မနေ ဈေးဝယ်ရန်အတွက် တစ်အိမ်ကို တစ်ဦးသာ သွားရောက်ရန် အပါအဝင် စည်းကမ်းချက် ၆ ချက်ကို လိုက်နာရတော့မည် ဖြစ်သည်။

ယခုကဲ့သို့ ထုတ်ပြန်ရခြင်းသည် COVID-19 ဓာတ်ခွဲအတည်ပြုလူနာများ ထပ်မံတွေ့ရှိရမှု၊ ခရီးသွားရာဇဝင် မရှိသည့်အပြင် ဓာတ်ခွဲအတည်ပြုလူနာများနှင့်လည်း ထိတွေ့ခြင်းမရှိခဲ့သည့် လူနာများတွေ့ရှိရမှု များပြားလာသည့်အတွက်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုထားသည်။


ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ