ရန်ကုန် စက်တင်ဘာ ၂
ပန်းဘဲတန်းမြို့နယ်အတွင်းရှိ ပြည်သူများ COVID-19 ရောဂါကင်းဝေးစေရေးအတွက် စက်တင်ဘာ ၁ ရက်၊ မွန်းလွဲ ၂ နာရီအချိန်မှစတင်ပြီး မြို့နယ်အတွင်းရှိလမ်းများတွင် ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခဲ့ကြောင်း၊ ပန်းဘဲတန်းမြို့နယ် သိမ်တော်ကြီးပဋိယတ္တိစာသင်တိုက်မှ ဆရာတော်၊ သံဃာတော်များသည် မြို့နယ်အတွင်းရှိ လမ်းမများ၊ ရပ်ကွက်များအတွင်း လမ်းများတွင် ပရိတ်တရားတော်များကိုမော်တော်ယာဉ်ဖြင့် လှည့်လည်ရွတ်ဖတ်ခဲ့သည်ကို တွေ့ရစဉ်။
နေခြည်(ပြန်/ဆက်)