နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရွှေဝယ်ယူဟန်ဆောင်၍ ရွေဆွဲကြိုးတစ်ကုံး လုယူထွက်ပြေးသူနှင့် ခါးပိုက်နှိုက်တစ်ဦးတို့ကို ဖမ်းဆီးအရေးယူ

ရန်ကုန် စက်တင်ဘာ ၁


   ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များသည် ဩဂုတ် ၂၉ ရက်၊ နံနက်  ၁၀ နာရီခွဲအချိန် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း ခိုး၊ဆိုး၊လု၊နှိုက်သတင်းများ စုံစမ်းဆောင်ရွက်နေစဉ် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၃)ရပ်ကွက်၊ ပီမိုးနင်းလမ်းနေ မသူဇာလင်းကို ဗိုလ်အောင်ကျော်လမ်း နှင့် ရန်ကုန်-ညောင်တုန်းလမ်းထောင့်၌ ရွှေဆွဲကြိုးအပြတ်(၁)ကုံး (၁ ပဲ၊ ၅ ရွေးခန့်ရှိ)ကို ကိုင်ဆောင်၍ ထွက်ပြေးလာစဉ် မသင်္ကာသဖြင့် ခေါ်ယူစစ်ဆေးရာ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ မီးခွက်ဈေးအတွင်းရှိ ရွှေဆိုင်တစ်ဆိုင်မှ ရွှေဝယ်ယူဟန်ဆောင်၍ ဆွဲယူထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဖမ်းဆီးခဲ့ပြီး ၎င်းအား ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ချက်နှင့်အညီ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးက အနီးကပ်ကြီးကြပ်၍ ခရိုင်မှုမှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၂၈ ရက်၊ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်တွင် မြောက်ပိုင်းခရိုင်နယ်မြေအတွင်း ခါးပိုက်နှိုက်ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်နေစဉ် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၁၅)ရပ်ကွက်၊ ကျန်စစ်သားလမ်းနှင့် နေကြာလမ်းထိပ်ရှိ ရွှေသီးလေး ကားမှတ်တိုင်၌ ခါးပိုက်နှိုက်ကျော်ဇောသတင်းရှိသူ သဲမောင် ကို YBS-53 ယာဉ်ပေါ်မှ ဆင်းလာစဉ် တွေ့ရှိ စစ်ဆေးရာ ၎င်းလွယ်ထားသော ဘေးလွယ်အိတ်အတွင်းမှ ငွေ ၂၁,၀၀၀ ကျပ်မှာ အဆိုပါယာဉ်ပေါ်ပါ အသက်(၅၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး၏ အင်္ကျီအိတ်ကပ်အတွင်းမှ နှိုက်ယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ၎င်းအားဖမ်းဆီးခဲ့ပြီး ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ