နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်း-ရေတာရှည်လမ်းပေါ်ရှိ တံတားများကို လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အသစ်ပြန်လည်ပြင်ဆင်ဆောင်ရွက်ပေးသွားမည်

ရန်ကုန်  စက်တင်ဘာ  ၁


ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ၊ ဝါးနက်ချောင်း-ရေတာရှည်လမ်းသည်အရှည် ၇ မိုင် ၁ ဖာလုံရှိပြီး Class(A) အဆင့်အတန်းရှိ လမ်းတစ်လမ်းဖြစ်သည်။ ပတ်ဝန်းကျင်ဒေသရှိကျေးရွာ ၆ ရွာ၊ အိမ်ခြေ ၁၆၅၂ နှင့် လူဦးရေ ၈၄၄၈ ဦးအတွက် အဓိကအားထားအသုံးပြုနေရသည့် လမ်းတစ်လမ်းလည်းဖြစ်သည်။ အဆိုပါ လမ်းပေါ်တွင်တံတားငါးစင်းရှိနေသည်။ အဆိုပါတံတားများမှာ ယိုယွင်းပျက်စီးနေသဖြင့်ဒေသခံ ပြည်သူများအတွက် ခရီးသွားလာရာတွင် များစွာအခက်အခဲများကြုံတွေ့နေကြရသည်။ အရေးပေါ် ကျန်းမာရေးအခြေအနေအရ ခရီးသွားလာရာတွင်တံတားများ ယိုယွင်းပျက်စီးနေမှုကြောင့် လူနာအတွက် အသက်အန္တရာယ်ဖြစ်ပေါ်လာနိုင်သည်။

ထို့အပြင် ထိုကဲ့သို့တံတားများ ယိုယွင်းပျက်စီးနေမှုကြောင့် ဒေသတွင်းကုန်စည်သယ်ယူပို့ဆောင်ပေးမှုကဏ္ဍအတွက်လည်း များစွာအဟန့်အတားဖြစ်စေသည်။ ထို့ကြောင့် အောက်ဝါးနက်ချောင်းနှင့်ဝါးနက် ချောင်းအကြားတွင်ရှိနေသည့် ယိုယွင်းပျက်စီးနေသောတံတား ၅ စင်းကို အသစ်ပြန်လည်ပြင်ဆင်ဆောက်  လုပ်ပေးနိုင်ရေးအတွက် လာမည့် ၂၀၂၀-၂၀၂၀၁ ဘဏ္ဍာနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာ ရန်ပုံငွေတွင် ထည့်သွင်းလျာထားကာဘဏ္ဍာရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။ 


ကိုသစ္စာလှိုင်






အခြားဆက်စပ်သတင်းများ