ရန်ကုန် စက်တင်ဘာ ၁
COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် အင်းစိန်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် ဩဂုတ် ၃၁ ရက်၊ နံနက် ၇ နာရီအချိန်က ဈေးများဌာနမှ ခရိုင်ဦးစီးအရာရှိ ဌာနစုမှူး ဒေါ်ယဉ်ယဉ်စန်းနှင့်ဈေးတာဝန် ခံများနှင့်အတူ အောင်ဆန်းဈေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဈေးရောင်း၊ ဈေးဝယ်များ နှာခေါင်းစည်းများ တပ်ဆင်ထားခြင်း ရှိ/မရှိ၊ COVID-19 ရောဂါ အသိပညာပေးခြင်းများဆောင်ရွက်ခြင်း၊ ဈေးဝယ်လာသူများ နှာခေါင်းစည်းမပါလာပါက နှာခေါင်းစည်းတပ်ဆင်ပြီးမှ ဈေးအတွင်းသို့ ဝင်ရောက်စေခြင်းတို့ကို လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့စဉ်။
ဇွဲထက်ကို(ပြန်/ဆက်)