နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့ရှိ စျေးဝယ်စင်တာများ အချိန်ပြောင်းလဲဖွင့်လှစ်ရန် ကြေညာ

ရန်ကုန်၊ ဧပြီ ၂၂ နိုင်ငံတော်မှ ညမထွက်ရ အမိန့် ထုတ်ပြန်ပြီးနောက်ပိုင်း ရန်ကုန်မြို့ရှိစျေးဝယ်စင်တာများကို ယာယီအချိန် ပြောင်းလဲဖွင့်လှစ်မည်ဖြစ်ပြီး အချို့သောစျေးဝယ်စင်တာများတွင်မူ ဆိုင်ပိတ်ချိန်ကို တိုးမြှင့်သတ်မှန်လိုက်ပြီဖြစ်ကြောင်း ယင်းစင်တာများ၏ ထုတ်ပြန်ကြေညာချက်များအရ သိရသည်။ ရန်ကုန်မြို့တွင် နာမည်ကြီး supermarket တစ်ခုဖြစ်သည့် City Mart အပါအဝင် City Mall နှင့် Ocean Super Centre ၊ စိန်ဂေဟာ စျေးဝယ်စင်တာ စသည့်စင်တာများအနေဖြင့် ယခင်ထက်အချိန်လျှော့ချပြီး ရောင်းချသွားမည်ဖြစ်ကြောင်း ယင်းတို့၏ လူမှုကွန်ရက်မှတစ်ဆင့် ကြေညာလိုက်ခြင်းဖြစ်သည်။ အဆိုပါ စျေးဝယ်စင်တာများသည် ဧပြီ ၁၉ ရက်နေ့မှစတင်ကာ မနက် ၉ နာရီမှ ည ၈ ဝန်းကျင်ခန့်အထိသာ ဖွင့်လှစ်တော့မည် ဖြစ်ပြီး စျေးဝယ်စင်တာများ၏ ဆိုင်ခွဲနေရာများပေါ်မူတည်၍ ဆိုင်ခွဲတစ်ခုနှင့်တစ်ခု၏ ဖွင့်ချိန် ပိတ်ချိန်များမှာ တူညီမည်မဟုတ်ကြောင်း သိရသည်။ထို့ပြင် ဆိုင်ဖွင့်ချိန်များတွင် ဆိုင်အတွင်း သို့ဝင်ရောက်ဝယ်ယူလျှင် Mask (နှာခေါင်းစည်း) များကို ဝတ်ဆင်ပေးရန်လည်း စျေးဝယ်သူများထံ အသိပေးထားသည်။ အလားတူ ဂမုန်းပွင့် ရှော့ပင်းစင်တာရှိ ဆိုင်များအားလုံးကိုလည်းဧပြီလ(၁၀)ရက်မှ (၁၉)ရက်နေ့အထိ မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်အဖြစ် သတ်မှတ်၍ ပိတ်ခဲ့ပြီးဖြစ်ကာ ယခုအချိန်အခါတွင် ကမ္ဘာတစ်လွှားဖြစ်ပွားနေသော ကူးစက်မြန်ကပ်ရောဂါကြောင့်၊ ရန်ကုန်မြို့တွင်လည်း ကူးစက်မှုများ တိုးမြင့် လာလျက်ရှိရာ ယခုအချိန်အခါတွင် ဂမုန်းပွင့်ဆိုင်များကို ပြန်လည်ဖွင့်လှစ်ခဲ့ပါက၊ ဂမုန်းပွင့်ဝန်ထမ်းများ၊ အကျိုးတူပူးပေါင်းဆောင်ရွက်သူ လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများ၊ စျေးဝယ်သူမိဘပြည်သူများ၏ ကျန်းမာရေးအတွက် စိုးရိမ်ရသည့် အနေအထားတွင်ရှိနေသည့်အတွက် ဂမုန်းပွင့်ဆိုင်များကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၃၀)ရက်နေ့အထိ ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ စျေးဝယ်စင်တာများ၏ အချိန်ပြောင်းလဲမှုများသည် အဆိုပါ စင်တာများ၏ ထုတ်ပြန်ချက်များသာ ဖြစ်ပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာထုတ်ပြန်ချက်များတွင် ကန့်သတ်ထားခြင်းမရှိကြောင်း၊ ရန်ကုန်မြို့ရှိ နာမည်ကြီး စျေးဝယ်စင်တာဖြစ်သည့် junction အုပ်စုအောက်ရှိ စျေးဝယ်စင်တာများကိုလည်း မတ်လ ၂၇ ရက်နေ့ကတည်းက ယင်းတို့၏ စင်တာ ဖွင့်/ပိတ်ချိန် အပြောင်းအလဲကို အသိပေးထားခြင်းများ ရှိကြောင်း သိရသည်။ မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ