နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
App Store မှ ဖယ်ရှားခံခဲ့ရသည့် Epic Games developer အကောင့်

ဩဂုတ် ၃၁


Fortnite ဂိမ်းအတွင်းတွင် တိုက်ရိုက်ငွေချေစနစ်ထည့်ပြီးနောက် Apple နှင့် Epic Games အကြား ပြဿနာတက်ခဲ့ကြသည်။  Apple သည် Fortnite ဂိမ်းအတွင်း in-app payment ကြောင့် App Store မှ ထိုဂိမ်းကို ဖြုတ်ချခဲ့ရာ Fortnite ကို ရေးဆွဲသည့် Epic Games က Apple ကို တရားပြန်စွဲခဲ့သည်။ Apple ကလည်း ယခုချိန်တွင် App Store ပေါ်ရှိ Epic Games အကောင့်ကို ဖြုတ်ချလိုက်ပြီဖြစ်ကြောင်းကို Apple Insider  သတင်းတွင် ပြောထားသည်။

ကူပါတီနိုအခြေစိုက် Apple ကုမ္ပဏီသည် Epic ၏ developer အကောင့်ကို ဩဂုတ်လ ၂၈ ရက်တွင်ဖြုတ်ချလိုက်သည်။  "App Store ကနေ Epic Games အကောင့်ကို ဖြုတ်ပစ်ရတာကို ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရပါတယ်"ဟု Apple က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယခုကဲ့သို့ ဖြုတ်ချလိုက်ခြင်းကြောင့် Epic ဂိမ်းကုမ္ပဏီအနေဖြင့် App Store ပေါ်တွင် app သစ်များတင်ခြင်း၊ app updates များထည့်ခြင်းများ လုပ်ဆောင်နိုင်တော့မည်မဟုတ်ပေ။ Apple ဝက်ဆိုက်ပေါ်တွင် Epic Games developer အကောင့်သည် ဟာလာဟင်းလင်း Web Page တစ်ခုအဖြစ်ရှိမည်ဖြစ်ပြီး Fortnite လည်း App Store ပေါ်တွင်ပျောက်သွားမည်ဖြစ်သည်။  ယခင်က မိမိ iPhone ၊ iPad တို့တွင် Fortnite သွင်းထားသူများအနေဖြင့် ထိုဂိမ်းကို ဆက်ကစားနိုင်မည်ဖြစ်သော်လည်း Update သစ်များမတွေ့နိုင်တော့ဘဲ ဖျက်မိပါကလည်း ထိုဂိမ်းကို App Store ပေါ်မှ ပြန်ဒေါင်းလုပ်ဆွဲနိုင်မည်မဟုတ်ပေ။ App Store ပေါ်မှ Fortnite ဂိမ်း ဖယ်ရှားခံရပြီးနောက် Apple သည် ဈေးကွက်လက်ဝါးကြီးအုပ်မှုလုပ်ဆောင်ကြောင်း Epic Games မှ တရားစွဲခဲ့သည်။ App Store သည် ဂိမ်းအတွင်း ပစ္စည်းဝယ်ယူမှုများတွင် ၃၀ ရာခိုင်နှုန်းကောက်ခံခြင်းဖြစ်သည်။ Epic Games သည် Google ကိုလည်း Play Store တွင်ပိတ်ပင်မှုကြောင့် တရားစွဲထားသည်။                                

 (HWY)






အခြားဆက်စပ်သတင်းများ