ရန်ကုန်၊ ဧပြီ ၂၂ တောင်ဥက္ကလာပမြို့နယ်တွင်းရှိ အနှေးယာဉ်လုပ်သားများကို စားနပ်ရိက္ခာများ ဒုတိယအသုတ်အဖြစ် ထပ်မံလှူဒါန်းသွားမည့်အစီအစဉ်ကို ဧပြီ ၂၃ ရက် နေ့လယ် ၂ နာရီတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။ ထိုသို့ လှူဒါန်းရာတွင် လူစုလူဝေးမဖြစ်ပွားစေရန်အတွက် စနစ်တကျစီစဉ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးမှ သိရသည်။ ဆိုက်ကားအမှတ် ဥကတ-၄၀၁ မှ ၆၀၀ အထိကို လှူဒါန်းသွားမည်ဖြစ်ပြီး လှူဒါန်းရာတွင် ဆိုက်ကား အမှတ်စဉ် ဥကတ-၄၀၁ မှ ၄၅၀ အထိကို ၁၁ ရပ်ကွက်၊ မေတ္တာရေကန်ရှေ့တွင်လည်းကောင်း၊ ဥကတ-၄၅၁ မှ ၅၀၀ အထိကို စည်ပင်ရုံးရှေ့တွင်လည်းကောင်း၊ ဥကတ-၅၀၁ မှ ၅၅၀ အထိကို စာတိုက်ဂက်စ်ဆိုင်ရှေ့တွင် လည်းကောင်း၊ ဥကတ-၅၅၁ မှ ၆၀၀ အထိကို စာတိုက်အနှေးယာဉ်ဂိတ်ရှေ့တွင်လည်းကောင်း အသီးသီး ပေးအပ်လှူဒါန်းသွားမည်ဖြစ်သည်။ ထိုအနှေးယာဉ်လုပ်သားများအတွက် ရိက္ခာများကို တောင်ဥက္ကလာပမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဦးလှဝေ+ဒေါ်ဝင်းဝင်းနွယ်မိသားစုတို့က လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။ NWA