ရေး စက်တင်ဘာ ၁
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ထိုင်းမျိုးစပ် ကြက်မောက်သီးဈေးကွက် မြင့်တက်လာကြောင်းဒေသခံ ကုန်သည်များထံက သိရသည်။
မွန်ပြည်နယ် ရေးမြို့နယ် ဒေသထွက်ထိုင်းမျိုးစပ် ကြက်မောက်သီးသည် ယခင်က ၁ ပိဿာကို (၂၅၀ဝ)ကျပ်သာရရှိပြီး၊ လက်ရှိရာသီပေါက်ဈေးတွင် ၁ပိဿာကို (၄၀ဝ၀)ကျပ်အထိ မြင့်တက်လာကြောင်း သိရသည်။
ရေးမြို့နယ်တွင် ထိုင်းမျိုးစပ် ကြက်မောက်သီးကိုတောင်သူများကတစ်ပိုင်တနိုင် ယခင်ကထက် ပိုမို စိုက်ပျိုးလာသော်လည်း နှစ်စဉ်ရာသီဥတုဒဏ်ကြောင့် ပျက်ဆီးဆုံးရှုံးမှုများသည့်နှစ်များနှင့်ကြုံရတိုင်း ကြက်မောက်သီးဈေးမရသည့် နှစ်များကတောင်သူအများစုစားစရိတ် အရှုံးပေါ်လေ့ရှိကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်