နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစ္စရေးနိုင်ငံမှ ထွက်ခွာခဲ့သည့် ပထမဆုံး တရားဝင်လေကြောင်းခရီးစဉ် ယူအေအီးနိုင်ငံသို့ ဆိုက်ရောက်

စက်တင်ဘာ ၁၊ အဘူဒါဘီ


ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုကြောင်း ကြေညာခဲ့ပြီးနောက် ပုံမှန်ဆက်ဆံရေး တည်ဆောက်ရန် အဓိကခြေလှမ်းတစ်ရပ်အနေဖြင့် အစ္စရေးနိုင်ငံမှ ယူအေအီးနိုင်ငံသို့ ပထမဆုံး တရားဝင် လေကြောင်းခရီးစဉ်အဖြစ် ပျံသန်းသည့်လေယာဉ်မှာ ယူအေအီးနိုင်ငံတွင် ဆင်းသက်ခဲ့သည်။ 

El Al လေကြောင်းလိုင်းမှ လေယာဉ်မှာ အစ္စရေးနှင့် အမေရိကန်အရာရှိများ ပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့ကို တင်ဆောင်ပြီး ၃ နာရီကြာ ခရီးစဉ် ပျံသန်းခဲ့ပြီးနောက် အဘူဒါဘီမြို့သို့ ဆင်းသက်ခဲ့သည်။ ပုံမှန်အားဖြင့် ဆော်ဒီနိုင်ငံက အစ္စရေးလေယာဉ်များကို ပျံသန်းခွင့်ပိတ်ပင်ခဲ့သော်လည်း အဆိုပါလေယာဉ်ကို ယင်းတို့လေပိုင်နက်မှ ဖြတ်ကျော်ပျံသန်းခွင့်ပြုခဲ့သည်။ 

ယူအေအီးနိုင်ငံမှာ အစ္စရေးနိုင်ငံကို အသိအမှတ်ပြုသည့် တတိယမြောက် အာရပ်နိုင်ငံ ဖြစ်လာသည်။ ပြီးခဲ့သည့်စနေနေ့တွင် ယူအေအီးနိုင်ငံက ၁၉၇၂ ခုနှစ်ကတည်းက အစ္စရေးနိုင်ငံအပေါ် သပိတ်မှောက်ကြောင်း ပြဋ္ဌာန်းထားသည့် ဥပဒေကို ပြန်လည်ပြင်ဆင်ခဲ့သည်။ အစ္စရေးနှင့် ယူအေအီးနိုင်ငံတို့မှာ သြဂုတ်လ အစောပိုင်းကလည်း ပထမဆုံးအကြိမ်အဖြစ် တိုက်ရိုက်ဖုန်းဆက်သွယ်မှုများ လုပ်ခဲ့သည်။ ယူအေအီးနိုင်ငံသို့ ပျံသန်းသည့် အစ္စရေးလေယာဉ်ပေါ်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏သားဖြစ်သူ ဂျရတ်ကက်ရှ်နာ၊ အစ္စရေးအမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် မိုင်ယာဘင်ရှာဘတ်တို့ လိုက်ပါခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ