နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒုတိယသုံးလပတ်တွင် အိန္ဒိယနိုင်ငံ၏ စီးပွားရေး တဟုန်ထိုးနှေးကွေး

စက်တင်ဘာ ၁၊ နယူးဒေလီ


အိန္ဒိယနိုင်ငံ၏ စီးပွားရေးမှာ ၂၀၂၀ ပြည့်နှစ် ဒုတိယသုံးလပတ်တွင် တဟုန်ထိုး နှေးကွေးသွား ခဲ့ကြောင်း တရားဝင် ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံ၏ စီးပွားရေးမှာ ၂၃ ဒသမ ၉ ရာခိုင်နှုန်း နှေးကွေးသွားခြင်းဖြစ်ပြီး ၁၉၉၆ ခုနှစ်တွင် သုံးလပတ် ကိန်းဂဏန်း အချက်အလက်များ စတင်ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း အဆိုးရွားဆုံး နှေးကွေးမှုဖြစ်သည်။ အိန္ဒိယနိုင်ငံအနေဖြင့် တတိယသုံးလပတ်တွင် နှေးကွေးမှုထပ်မံကြုံတွေ့ပါက စီးပွားရေးကျဆင်းမှုအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။

အိန္ဒိယနိုင်ငံမှာ တတိယသုံးလပတ်တွင်လည်း စီးပွားရေး နှေးကွေးမှု ထပ်ကြုံရဖွယ်ရှိသည်ဟု ကျွမ်းကျင်ပညာရှင်များက ပြောသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း စီးပွားရေးကျဆင်းမှု ၄ ကြိမ်သာ ကြုံတွေ့ခဲ့သည့် အိန္ဒိယနိုင်ငံမှာ ၁၉၈၀ ပြည့်နှစ်တွင် နောက်ဆုံးအကြိမ် စီးပွားရေးကျဆင်းမှု ကြုံတွေ့ ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံမှာ ပြီးခဲ့သည့်တနင်္ဂနွေနေ့က အတည်ပြုလူနာသစ် ၇၈၈၆၁ ဦး တွေ့ရှိခဲ့ရာ တစ်ရက်တာ အတည်ပြုလူနာသစ် တွေ့ရှိမှု ကမ္ဘာ့စံချိန်တင်ခဲ့သည်။ အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူ ၃ ဒသမ ၆ သန်းကျော် ရှိနေပြီး သေဆုံးသူ ၆၅၀၀၀၀ ကျော် ရှိနေသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ