နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနအနေဖြင့်မြေစီမံခန့်ခွဲမှုဆိုင်ရာဝန်ဆောင်မှုပေးခြင်းအား ၂-၉-၂၀၂၀ ရက်နေ့မှစ၍ ခေတ္တရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း အသိပေးကြေညာ

ရန်ကုန်  စက်တင်ဘာလ  ၁ ရက်


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနအနေဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ Coronavirus Disease 2019 (COVID-19) ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မရမ်းကုန်မြို့နယ်၊ မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ မြေစီမံခန့်ခွဲမှုဆိုင်ရာ ဝန်ဆောင်မှုပေးနေသည့် ကိစ္စရပ်များအား ၂-၉-၂၀၂၀ ရက်နေ့မှစ၍ ခေတ္တရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း၊ သို့သော် ရပ်ဆိုင်းစဥ်ကာလအတွင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေး နယ်နိမိတ်မြို့နယ်များတွင် ပါဝင်သော မြို့နယ်(၃၃)မြို့နယ်၏ မြေစီမံခန့်ခွဲမှုဆိုင်ရာ လျှောက်ထားမှုများကို Online Website ဖြစ်သော www.ycdc.gov.mm တွင် လျှောက်ထားရမည်ဖြစ်ကြောင်း၊ သို့ရာတွင် ခွင့်ပြုပြီးထုတ်ယူရန်ရှိသော မြေပုံ၊ မြေရာဇဝင်များ၊ ခွင့်ပြုပြီး နှစ်(၆၀)မြေဌားစာချုပ်(ဂရန်)အား လက်မှတ်ရေးထိုးရန်ကိစ္စများ၊ ဌာနသို့ တင်ပြရမည့် လိုအပ်ချက်အထောက်အထားများ၊ သတင်းစာကြော်ငြာခြင်းများနှင့် ကန့်ကွက်ချက်များ၏တင်ပြခြင်းအား အစိုးရရုံးဖွင့်ရက်ဖြစ်သော တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့များတွင် မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ဆက်လက် ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။



သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ