ဒေါပုံ စက်တင်ဘာ ၁
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် ဝင်ရောက်အရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ပုံစံ(၁ဝ)နှင့်ပုံစံ(၁ဝ-က) အမည် စာရင်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့်ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဩဂုတ် ၃၀ ရက်နေ့မှစ၍ ကပ်ထားကြေညာပေးလျက်ရှိသည်။
ထို့သို့ကြေညာရာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဒေါပုံမြို့နယ်က ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း မဲဆန္ဒနယ်အမှတ်(၈) ကိုယ်စားလှယ်လောင်း ၄ ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၆ ဦး ၊ ဒေါပုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၆ ဦး၊ ဒေါပုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၅ ဦး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်(ကရင် တိုင်းရင်းသားလူမျိုး) လွှတ်တော်ကိုယ်စားလှယ်လောင်း ၇ ဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် (ရခိုင်တိုင်းရင်းသားလူမျိုး) ကိုယ်စားလှယ်လောင်း ၆ ဦးများ၏ အမည်စာရင်းများကို အများပြည်သူသိရှိ စေရန် ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရသည်။
ဒေါပုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ရွေးခံမည် ပါတီများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ပြည်သူ့ပါတီ၊ မွန်ပြည်သူ့ပါတီတို့ဖြစ်ကြောင်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးအတွင်းရေးမှူးထံမှ သိရှိရသည်။
သဲစုစုလွင်(ပြန်/ဆက်)