နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် သက်ဆိုင်ရာမဲဆန္ဒနယ်မြေများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ ကပ်ထားကြေညာပေးထား

ဒဂုံ(အရှေ့) စက်တင်ဘာ ၁


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မြို့ပေါ်(၂၉)ရပ်ကွက်နှင့် ကျေးရွာ ၃ ရွာရှိ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံးများတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည့်       လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း ကြေညာထားရှိမှုများကို သြဂုတ် ၃၀ ရက်နေ့မှ စတင်၍ ကပ်ထားကြေညာပေးထားကြောင်းသိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မြေအမှတ်(၇)အတွက် ပါတီ(၇)ခုရှိပြီး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက်ကိုယ်စားလှယ်လောင်း(၈)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ၆ ဦး၊တိုင်းဒေသကြီးလွှတ်တော်မဲ ဆန္ဒနယ်အမှတ်(၁)အတွက်ကိုယ်စားလှယ်လောင်း ၆ ဦး၊      တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)အတွက် ကိုယ်စားလှယ်လောင်း ၇ ဦးကရင်တိုင်းရင်းသား   လူမျိုးများလွှတ်တော်ကိုယ်စားလှယ်လောင်း ၇ ဦး၊ ရခိုင်တိုင်းရင်းသားလူမျိုးများလွှတ်တော်ကိုယ်စားလှယ် လောင်း ၆  ဦး၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၇ ဦးအသီးသီးဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

မဲဆန္ဒရှင်မိဘပြည်သူများအနေဖြင့် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များအား ယင်းတို့ ဆန္ဒမဲ ပေးရာတွင် အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေးအတွက်  ကြေညာထားရှိပြီးပထမအကြိမ် မဲစာရင်းကပ်ထား ကြေညာထားမှုအရ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မဲဆန္ဒရှင်စုစုပေါင်း ၁၃၅၃၃၇ ဦး ဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။   


လှလှထွေး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ