ရန်ကုန် စက်တင်ဘာ ၁
ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းနှင့် (၃၇)လမ်းထောင့်ရှိ အောင်ဘာလေသိန်းဆုဌာနတွင် (၁၉) ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို စက်တင်ဘာ ၁ ရက်၊ နံနက်ပိုင်းတွင်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန (MOHS)၏ လမ်းညွှန်ချက်ကိုလိုက်နာပြီး Social Distancing နှင့်အညီကျင်းပရာ နိုင်ငံနှင့်တစ်ဝှမ်း ထီချစ်သူ ပြည်သူလူထုအား ကျပ်သန်း (၁၈၁၆၃ ဒသမ ၅၉၆) ကို ဆုကြေးအဖြစ်ချီးမြင့်ပေးသွားမည်ဖြစ်ကြောင်း ထီဖွင့်ပွဲမှ သိရသည်။
အဆိုပါထီဖွင့်ပွဲကို ရန်ကုန်အောင်ဘာလေထီရုံးမှ ညွှန်ကြားရေးမှူး ဦးညီညီလှိုင်ဦးဆောင်ကာ တက်ရောက်လာသူ ထီကိုယ်စားလှယ်များ၊ ထီလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများနှင့် အောင်ဘာလေထီရုံးမှ တာဝန်ရှိသူများသည် ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များနှင့်အညီ ခန်းမအတွင်းဝင်ရောက်လျှင် လက်ဆေး ခြင်း၊ Mask တပ်ခြင်း၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာရှိစေရန် Social Distancing ကိုလိုက်နာပြီး ၃ပေ အကွာ ၆ ပေ အကွာရှိစေကာ ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။
ယခုအခါ COVID ပိုးတွေ့လူနာပေါ်ပေါက်ခဲ့သော်လည်း Lockdown ချထားခြင်းမျိုးမပြုလုပ်ဘဲ အောင်ဘာ လေသိန်းဆုထီဖွင့်ပွဲကိုကျင်းပခြင်းဖြစ်သည်။ ထို့ပြင် ရန်ကုန်မြို့အောင်ဘာလေသိန်းဆုဌာနတွင် COVID-19 ရောဂါပိုးသတ်ဆေးဖျန်းသည့်လုပ်ငန်းများအပြင် ရုံးဆင်း၊ ရုံးတက်တွင် Mask တပ်ခြင်း၊ လက်ဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ကာ လုပ်ငန်းများဆောင်ရွက်ရန် အသိပညာပေးဆောင်ရွက်မှုများ ဆောင်ရွက်နေ ကြောင်းသိရသည်။ယင်းအတွက်အောင်ဘာလေ ဝန်ထမ်းများကို နှာခေါင်းတိုးဘက်၊ အာခေါင်တိုးဘက်များ ယူကာ စိစစ်ခြင်းတို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ဝန်ထမ်းများအနေဖြင့် ပုံမှန်ဆောင်ရွက်နေပြီး ဌာနစုအလိုက် အလုပ်ဆင်းနေသောဝန်ထမ်းများသည်လည်း ပုံမှန်အလုပ်ဆင်းနေကြောင်း ရုံးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နေပြီး ထီလက်မှတ်များ မှာယူရောင်းချဖြန့်ဖြူးသည့် ကိစ္စရပ်များ၊ ထီကိုယ်စားလှယ်များနှင့် ထီလက်မှတ်ရောင်းဝယ်သည့်ကိစ္စရပ်များသည်လည်း ပုံမှန်ဆောင်ရွက်နေကြောင်း အောင်ဘာလေထီရုံး မှသိရသည်။
မင်းခ