နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လမ်းတံတားဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန်  စက်တင်ဘာ  ၁


ပုဇွန်တောင်မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ပုဇွန်တောင်မြို့နယ်စည်ပင်သာယာ​ရေးကော်မတီတို့ကြီးကြပ်မှုဖြင့် မြို့နယ်ဖွံ့​ဖြိုးရေးအတွက် လမ်းတံတားဆိုင်ရာလုပ်ငန်းများအား ဆောင်​​​ရွက် ပေးလျက်ရှိရာ ၊အမှတ်၂ ရပ်ကွက် နေကြာသာယာကုန်းလမ်း အရှည် ပေ ၈၀၀၊ အကျယ် ၁၆ ပေ၊ ထု ၆ လက်မ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊အမှတ် ၁၀ ရပ်ကွက် လမ်း၅၀ (ဗိုလ်ချုပ်လမ်းနှင့်အနော်ရထာလမ်းအကြား)အရှည် ပေ ၇၅၀x၂ အား အကျယ် ၈ ပေ၊ ထု ၆ လက်မ ရှိ ယာဉ်ရပ်နားရန်နေရာဆောင်ရွက်ပေးခြင်း၊ အမှတ် ၁ ရပ်ကွက် လမ်း၅၀ (အနော်ရထာနှင့်မဟာဗန္ဓုလလမ်းအကြား) အရှည် ၈၁၅x၂ ပေ အကျယ် ၈ ပေထု ၆ လက်မရှိ ယာဉ်ရပ်နားရန်နေရာ၊ အမှတ် ၁ ရပ်ကွက် ၄၉ လမ်း(အနော်ရထာလမ်းနှင့်မဟာဗန္ဓုလလမ်းအကြား) အရှည်ပေ ၈၂၀x၂ အကျယ် ၈ ပေ၊ ထု ၆ လက်မ ရှိယာဉ်ရပ်နားရန်နေရာ၊ အမှတ် ၂ ရပ်ကွက် ၅၄ လမ်း (အနော်ရထာ လမ်းနှင့်မဟာဗန္ဓုလလမ်းအကြား) အရှည်ပေ ၈၂၀x၂၊ အကျယ် ၇ ပေ၊ ထု ၆ လက်မရှိ ယာဉ်ရပ်နားရန်နေရာများ ဆောင်ရွက်ပေးခဲ့ပြီး အောက်ပုဇွန်တောင်လမ်း ဝဲယာ (ရထားလမ်းနှင့် မဟာဗန္ဓုလတံတားအထိ) အရှည် ၁၅၇၃x ၂ ပေ ၊ အကျယ် ၈ ပေ၊ ထု ၆ လက်မ လမ်းသားချဲ့ခြင်းနှင့်  လူသွားစင်္ကြံတည်ဆောက်ပေးခြင်း လုပ်ငန်းများ အောင်မြင်ပြီးဆုံး၍ အမှတ် ၅ ရပ်ကွက် ညောင်တန်းလမ်းမကြီး၌ ယာဉ်ရပ်နားရန်အတွက် အရှည်ပေ ၈၀၀x ၂ ပေ၊ အကျယ်၂၆ ပေ၊ ထု ၇ လက်မ ရရှိ​စေရန် မြေသားပြုပြင်ခြင်းလုပ်ငန်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း များအား မြို့နယ်လမ်းတံတား တာဝန်ခံအင်ဂျင်နီယာ ဦးသန်းထွဋ်အောင်နှင့် အရည်အသွေးကြီးကြပ်စစ်ဆေးရေးဌာနတာဝန်ရှိသူတို့က စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက ကြပ်မတ်ဆောင်ရွက်ခဲ့သည်။                         

မောင်မောင်






အခြားဆက်စပ်သတင်းများ