ရန်ကုန် စက်တင်ဘာ ၁
ဒေါပုံမြို့နယ်အတွင်း မိုးရာသီ၌ ရေဝပ်ရေလျှံမရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဘိုဘိုဇော်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်သင်တို့ကြီးကြပ်မှုဖြင့် မြို့နယ် ရေစီးရေလာတာဝန်ခံ ဒေါ်စိမ်းမို့မို့က ဦးဆောင်၍ ယခင်မြေသားရေနုတ်မြောင်းများကို အုတ်စီရေနုတ်မြောင်း များအဖြစ် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁ ရက်က ဒေါပုံမြို့နယ်အမှတ် ၂ ရပ်ကွက် မဟာဗန္ဓုလ တံတားအနီး သင်္ဘောကျင်းလမ်းထိပ်မှ ရေကြောင်းဝင်း ဝင်ပေါက်အထိ(၈၆၀'x ၄'x၄')ရှိ မြောင်းဖုံးအပါ ရေနုတ်မြောင်းအုတ်စီကို ဆောင်ရွက်နေစဉ်။
ဓါတ်ပုံ မောင်သုည