ရန်ကုန် စက်တင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင် တံတားမြို့ပေါ်ရှိရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်၌ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ဩဂုတ် ၃၁ ရက်ကထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။
တံတားမြို့တွင် အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီစုစုပေါင်း ၉ ပါတီရှိပြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၇ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ၇ ဦး၊ တိုင်းဒေသကြီးအမှတ်(၂)လွှတ်တော်ကိုယ်စားလှယ်လောင်း ၆ ဦး၊ ကရင်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်း ၇ ဦး၊ ရခိုင်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်း ၆ ဦး စုစုပေါင်းလွှတ်တော်ကိုယ်စား လှယ် လောင်း ၃၃ ဦးတို့မှ သက်ဆိုင်ရာလွှတ်တော်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံသွားမည်သွားမည် ဖြစ်ကြောင်းသိရသည်။
တံတားမြို့တွင် ရပ်ကွက် ၄ ရပ်ကွက်ရှိပြီးပထမအကြိမ်မဲဆန္ဒရှင်စာရင်များအရ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူကျား ၃၃၁၇ ဦး၊ မ ၃၅၇၃ ဦး၊ စုစုပေါင်း ၆၈၉၀ ဦးရှိကြောင်းနှင့် ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံ ၁၂ ရုံသတ်မှတ်ထားရှိကြောင်း သိရသည်။
တင်နိုင်ဝင်း(တံတား)