ရန်ကုန် စက်တင်ဘာ ၁
ရန်ကုန်တောင်ပိုးခရိုင်၊ ခရမ်းမြို့နယ်အတွင်း စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခွင့်အား ခွင့်ပြုပေးနိုင်ရန်အတွက် မြို့နယ်များတွင် မြို့နယ်ကိုဗစ်၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီများအနေဖြင့် မိမိတို့မြို့နယ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွန်ကြားချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိပြီး ဆိုင်ထိုင် ရောင်းချခွင့်တောင်းခံထားသော လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များအား စက်တင်ဘာ ၁ နံနက် ၈ နာရီ က ခရမ်းမြို့နယ်ကိုဗစ် ၁၉ ကော်မတီမှ ကွင်းဆင်းစစ်ဆေးခဲ့ကြစဉ်။
ကိုမင်း(ခရမ်း)