နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာ ရေဆိုးထုတ်မြောင်းပြုပြင်ခြင်းနှင့် မြောင်းပေါင်နှစ်ဖက် ပြန်ဖော်၍ မြေနီကျောက်စရစ်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု ၅၀ ရာခိုင်နှုန်းခန့်ပြီးစီး

ပွင့်ဖြူ၊  စက်တင်ဘာ  ၁


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူများ သီးနှံစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက် စေရေး အထောက်အကူပြုစေရန်၊ မိုးတွင်းကာလ ရေစီးရေလာကောင်းမွန်စေရန်နှင့် လယ်ယာမြေစိုက်ခင်းများ ရေကြီးရေလျှံမှုကင်းဝေးစေရန် ရည်ရွယ်ကာ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏  ခွင့်ပြုရန်ပုံငွေဖြင့် အလျားပေ ၁၄၀၀ မလိုရေဆိုးထုတ်မြောင်းပြန်လည်ပြုပြင်ခြင်းနှင့် ဘေး(ဝဲ၊ယာ)မြောင်းပေါင် နှစ်ဖက် ပြန်ဖော်၍ မြေနီကျောက်စရစ်ကုန်ထုတ်လမ်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းပြီးစီးမှု ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်း တွေ့ရစဉ်။


ရဲဝင်းနိုင်(ညောင်ဦး)






အခြားဆက်စပ်သတင်းများ