နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၅ ဦး ပါဝင်ယှဉ်ပြိုင်အရွေးခံမည်

ဆိပ်ကြီးခနောင်တို   စက်တင်ဘာ  ၁


၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တွင် ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လွှတ်တော်အသီးသီးအတွက် ပါဝင်ယှဉ်ပြိုင် အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ဩဂုတ် ၃၁ ရက်နံနက်ပိုင်းမှစ၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးရှေ့တွင် ကြေညာထားကြောင်း သိရသည်။

ထိုသို့ကြေညာရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၅ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ၅ ဦး၊ တိုင်းဒေသကြီး အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ်လောင်း ၅ ဦး၊ တိုင်းဒေသ ကြီးအမှတ်(၂)လွှတ်တော်ကိုယ်စားလှယ်လောင်း ၇ ဦး၊ ကရင်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် လောင်း ၇ ဦးနှင့် ရခိုင်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်း ၆ ဦး စုစုပေါင်းလွှတ်တော်ကိုယ်စား လှယ်လောင်း ၃၅ ဦးမှ သက်ဆိုင်ရာလွှတ်တော်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံသွားမည်ဖြစ် ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်ရှိပြီး လူဦးရေသုံးသောင်းကျော်နေထိုင်လျက်ရှိရာ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာချက်အရ မြို့နယ်အတွင်းအသက် ၁၈ နှစ်ပြည့်ပြီးဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူဦးရေ ၂၄၉၅၁ ဦးရှိကြောင်းနှင့် ဆန္ဒမဲပေးနိုင်ရန်မဲရုံ ၃၅ ရုံ သတ်မှတ်ထားရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။                                                     


ဝေယံ(ဆိပ်ကြီးခနောင်တို)






အခြားဆက်စပ်သတင်းများ