နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ဖောင်ကြီး၌ Medical Center အဖြစ်အသုံးပြုဆောင်ရွက်မည့် အဆောင်များ ရာနူန်းပြည့်ပြီးစီးနေမှုအား ရန်ကုန်တိုင်းဝန်ကြီးချုပ် သွားရောက်စစ်ဆေး

ရန်ကုန် ဧပြီ ၂၂ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်သော လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုး၊လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လူဝင်မှုကြီးကြပ်ရေး နှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ရန်ကုန်တိုင်း ဥပဒေချုပ် ဒေါ်ခင်မျိုးကြည် နှင့်တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက လှည်းကူးမြို့နယ် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌ COVID -19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြုလုပ်လျက်ရှိသော Medical Center ရာနူန်းပြည့်ပြီးစီးနေမှုအား သွားရောက်ကြည့်ရူ့ စစ်ဆေးခဲ့ကြသည်။ ရှေ့ဦးစွာ ဗဟိုဝန်ထမ်းတက္ကသိုလ် ဧည့်ရိပ်သာ ရှိ အစည်းအဝေးခန်းမ ၌ ဆေးတက္ကသိုလ် (၁) မှ ပါမောက္ခချုပ် ‌ဒေါက်တာဇော်ဝေစိုး နှင့်တာဝန်ရှိသူများက Medical Center တွင် ပြီးစီးနေမှုအခြေအနေများနှင့် ထပ်မံလိုအပ်သည်များအား ရှင်းလင်းတင်ပြကာ ဝန်ကြီးချုပ် မှ လိုအပ်သည်များပေါင်းစပ်ညှိနိူင်းဆောင်ရွက်ရန်မှာကြားခဲ့သည်။ ထို့နောက် Medical Store သို့သွားရောက်ကာ ဆေးပစ္စည်းများ ထားရှိမှုအား ကြည့်ရူ့ပြီး လိုအပ်သည်များမှာကြားခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လူနာများထားရှိရန် ပြင်ဆင်ထားသော သရဖီဆောင်သို့သွားရောက်၍ ရာနူန်းပြည့်ပြီးစီးမှူ အခြေအနေများအား လှည့်လည်ကြည့်ရူ့ခဲ့ကြသည်။ ယင်းနောက် Medical Center မှ ICU အဖြစ်ထားရှိမည့်အဆောင်များအားလည်းကောင်း၊ ဆရာ၊ဆရာမများ ထားရှိရန်အဆောင်များအား လည်းကောင်း၊၎င်းMedical Center မှ ထွက်ရှိလာမည့် စွန့်ပစ်အမှိုက်များ မီးရှို့ ပျက်စီးရန် အသင့်ပြုလုပ်ထားသော မီးရှို့ စက်အားလည်းကောင်း သွားရောက်၍ တာဝန်ရှိသူများမှ ရှင်းလင်း တင်ပြပြီး လိုအပ်သည်များ ပေါင်းစည်းဆောင်ရွက်ရန်မှာကြားပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် Medical Center အတွင်း တပ်ဆင်ထားသော CCTV Control Center အားသွားရောက်၍ ၎င်း Control Center အတွင်း လိုအပ်ချက်များအား ဆက်လက်လုပ်ဆောင်ပေးရန်မှာကြားခဲ့ကြောင်းသိရသည်။ သတင်း မိုးမြင့်မောင် ဓာတ်ပုံ ကျော်သူထက်






အခြားဆက်စပ်သတင်းများ