နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် စက်တင်ဘာ ၁


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက် ဖမ်းဆီး ခြင်းဆောင်ရွက်ခဲ့ရာ ဩဂုတ် ၃၁ ရက်၊ ည ၁၁ နာရီအချိန်တွင် ခရမ်းမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ခရမ်း-ပဲခူး ကားလမ်းမပေါ်၌ ငြိမ်းချမ်းအောင်ထံမှ အရိုးအသွား(၈)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကို လည်းကောင်း၊

သန်လျင်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် ဘုရားကုန်းကျေးရွာ၊ ဘုရားကြီးဈေးလမ်းမပေါ်၌ မြင့်သွေးနောင်ထံမှ အရိုးအသွား(၂၁)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ၁၀ နာရီ ၂၀ မိနစ် အချိန်တွင် (၁၀)ရပ်ကွက်၊ ရန်ကုန်-ပုသိမ်ကားလမ်းမကြီးပေါ်၌ ဝင်းသိန်းထံမှ အရိုးအသွား(၁၂)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ည ၁၀ နာရီခွဲအချိန်တွင် အလယ်ကျေးရွာ၊ ငွေပင်လယ်စက်မှုဇုန်၊ အမှတ်(၁)လမ်းမပေါ်၌ ငြိမ်းချမ်းထံမှ အရိုးအသွား(၂၅)လက်မခန့်ရှိ ငှက်ကြီးတောင်ဓားတစ်ချောင်းကိုလည်းကောင်း သိမ်းဆည်းရမိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ