နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြိတ်မြို့နှင့် ကသာမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မြိတ် စက်တင်ဘာ ၁


   ဩဂုတ် ၃၀ ရက်၊ မွန်းတည့် ၁၂ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မြိတ်မြို့၊ သာကေတရပ်ကွက်တွင် ရန်ပိုင်ဦး မောင်းနှင်ပြီး မညိုညိုနှင်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ ညိုညိုနှင်း ကိုင်ဆောင်ထားသောလက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉,၈၅၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် မညိုညိုနှင်း(၂၉)နှစ်၊ ရန်ပိုင်ဦး(၂၁)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဩဂုတ် ၃၁ ရက်၊ နံနက် ၄ နာရီခွဲအချိန် ကသာခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကသာမြို့နယ်၊ အင်းကြီးကျေးရွာအုပ်စု၊ လှေဘိုကျေးရွာနေ မွှေးအောင်၏နေအိမ်ကိုရှာဖွေရာ နေအိမ်ရှိ ဝါးပလိုင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၇,၉၈၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ နံနက် ၅ နာရီခွဲအချိန် တစ်ရွာ တည်းနေ မင်းအောင်၏နေအိမ်အား ရှာဖွေရာ နေအိမ်အိပ်ခန်းရှိ ဆာလာအိတ်အတွင်းမှ ဘိန်းဖြူ ၀ ဒသမ ၆၄၂ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၉,၅၀၀ ပြားတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် မွှေးအောင်(၄၂)နှစ်၊ မင်းအောင်(၃၇)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ