နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးမိတ်မြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မိုးမိတ် စက်တင်ဘာ ၁


  ဩဂုတ် ၃၁ ရက်၊ နံနက် ၁ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မိုးမိတ်မြို့နယ်၊ တောင်ကိုင်းကျေးရွာအုပ်စု၊ ကင့်နွယ်ကျေးရွာအနီး၊ မိုးမိတ်-မိုးကုတ်သွား ကားလမ်းတွင် မနီလာခိုင် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၈,၀၀၀ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ  နံနက် ၁ နာရီ ၄၅ မိနစ်အချိန် အဆိုပါနေရာ၌ မဇင်မာ အား မော်တော်ဆိုင်ကယ်တစ်စီး၊ လက်ကိုင်ဖုန်းတစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် မနီလာခိုင်(၃၈)နှစ်၊ မဇင်မာ(၃၅)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဩဂုတ် ၃၁ ရက်၊ နံနက် ၁ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာအုပ်စု၊ ကျောက်ချောကျေးရွာ၊ (၁၆)မိုင်စစ်ဆေးရေးစခန်းတွင် Express အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်အားရပ်တန့်ရှာဖွေရာ ခရီးသည်သော်သော်ဇင်(ခ)သော်ဇင်သန့်၏ သေတ္တာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉,၇၅၀ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံး တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် သော်သော်ဇင်(ခ)သော်ဇင်ခန့်(၂၈)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူထားကြောင်း သိရသည်။

 

ဆွေဦး






အခြားဆက်စပ်သတင်းများ