နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖျာပုံမြို့နယ်၌ နေအိမ်မီးဖိုမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းရာ အိပ်ပျော်နေသူ အဘိုးအိုတစ်ဦး မီးလောင်သေဆုံး

ဖျာပုံ ဧပြီ ၂၂ ဧပြီ ၂၁ ရက်၊ နံနက် ၃ နာရီခွဲအချိန် ဖျာပုံမြို့နယ်၊ ကျုံကူကျေးရွာနေ ဦးတင်ဝင်း(၇၂)နှစ်သည် နေအိမ်၌ အိပ်ပျော်နေစဉ် နေအိမ်မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ရာ သွပ်မိုး/ထရံကာ/ပျဉ်ခင်းနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး နံနက် ၃ နာရီ ၄၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။ အဆိုပါမီးလောင်မှုကြောင့် ဦးတင်ဝင်းတွင် ခန္ဓာကိုယ် မီးလောင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ