နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လမ်းလျှောက်လာသူထံမှ မူးယစ်ဆေးနှင့် ဓားတစ်လက်တွေ့၍ အမှုဖွင့်အရေးယူ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် ရဲစခန်းတောင်ဘက်ငါးမိုင်ခန့်အကွာ အောက်ဝဲ ကြီးကျေးရွာ သွပ်မိုးတံတားအနီး လမ်းလျှောက်လာသူထံမှ မူးယစ်ဆေးအပြင် လက်နက်ပါရှာဖွေတွေ့ ရှိခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ မတ် ၂၈ ရက်၊ ည ၁ဝ နာရီ ၄၅ မိနစ်တွင် ကသာမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဇော်မင်းထွန်းနှင့်အဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ကသာမြို့နယ် အောက်ဝဲကြီးကျေးရွာအရှေ့လမ်းမပေါ် သွပ်မိုးတံတား မော်တော်ဆိပ်အနီးတွင် စောင့်ဆိုင်းနေစဉ် ယင်းလမ်းမပေါ်သို့ မော်တော်ဆိပ်ကမ်းဘက်မှ တစ်ဦးတည်းလမ်းလျှောက်လာသူ ချိုမြိုင်(ခ)မောင်ချိုအားစစ်ဆေးရာ ဝတ်ဆင်ထားသော ပုဆိုးယာဘက် ခါးကြားလိပ်အတွင်းမှ ပင်နီဆီလင်ပုလင်းဖြင့်ထည့်လျက် ဘိန်းဖြူဟုယူဆရသော ဖြူ/ဝါရောင်အမှုန့် သုည ဒသမ ၂ ဂရမ်အားရှာဖွေတွေ့ရှိပြီး လွယ်ထားသော လွယ်အိတ်အတွင်းမှ အသွား ၁ဝ လက်မ၊ အရိုး ၆ လက်မခန့်ရှိ ဓားတစ်လက်အားတွေ့ရှိရသဖြင့် အရေးယူပေးပါရန် ဒုရဲအုပ်ဇော်မင်းထွန်းက တရားလိုပြုတိုင်တန်းသောကြောင့် ကသာ ရဲစခန်းမှ တရားခံချိုမြိုင်(ခ)မောင်ချို(၃၅)နှစ် ကြာအင်းရွာ၊ အောက်ဝဲကြီးအုပ်စု ကသာမြို့နယ်နေသူအား မယ(ပ)၆ဝ/၂ဝ၂ဝ၊ မူးစိတ်ပုဒ်မ ၁၆(ဂ)ဖြင့် အရေးယူသည့်အပြင် (ပ)၈၇/၂ဝ၂ဝ၊ လက်နက်ပုဒ်မ ၁၉(င) တို့ဖြင့် အရေးယူထားကြောင်း သိရသည်။ မိုးခါး






အခြားဆက်စပ်သတင်းများ