နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ Traditional Trade ဖြင့် သစ်သီး ၈ မျိုးကို တရားဝင်တင်ပို့ရောင်းချပေးနိုင်ပြီဖြစ်

ရန်ကုန် ဩဂုတ် ၃၁


မြန်မာနိုင်ငံမှတရုတ်နိုင်ငံသို့Traditional Tradeဖြင့် သစ်သီး(၈)မျိုးကို တရားဝင်တင်ပို့ရောင်းချပေးနိုင်ပြီ ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသတင်းများအရ သိရသည်။

မြန်မာနိုင်ငံမှတရုတ်နိုင်ငံသို့ သစ်သီးဝလံများတင်ပို့ရောင်းချပေးရာတွင် တစ်သျှူးငှက်ပျော၊ ဖရဲသီး၊ သခွားမွှေး၊ သရက်သီး၊ နာနတ်သီး၊ ထောပတ်သီး၊ ကျွဲကောသီး၊ ချဉ်ပေါင်ဖာလာ၊ ဝဥနှင့်ဇီးသီးခြောက် များကို အများဆုံးတင်ပို့ရောင်းချပေးနေခြင်းဖြစ်သည်။ သို့သော် တရုတ်နိုင်ငံအနေနှင့်မြန်မာနိုင်ငံမှမင်းဂွတ်သီး၊ တောကြက်မောက်သီး(Longan) ၊ ကြက်မောက်သီး၊ လိုင်ချီးသီး၊ သရက်သီး၊ ဖရဲသီး၊ သခွားမွှေး၊ ကုလားဇီးသီး စသည့်သစ်သီးဝလံ ၈ မျိုးကိုသာ တရားဝင်တင်သွင်းခွင့်ပြုပေးလျက်ရှိသည်။ 

ထိုသို့ တရားဝင်တင်သွင်းခွင့်ပြုပေးထားသည့် သစ်သီးဝလံများတွင်လည်း မင်းဂွတ်သီး၊ Longan (တောကြက်မောက်သီး)၊ ကြက်မောက်သီး၊ လိုင်ချီးသီးစသည်တို့ကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းနှစ်မျိုးလုံးမှ  တင်ပို့ရောင်းချခွင့်ပြုပေးထားသော်လည်း  သရက်သီး၊  ဖရဲသီး၊  သခွားမွှေး၊ ကုလားဇီးသီးများကို မူဆယ်-ရွှေလီနှင့် မိုင်းလား-တာလော့နယ်စပ်ဂိတ်ပေါက်နှစ်ခုမှသာ တင်သွင်းခွင့်ပြုပေးခဲ့သည်။ 

ထို့ကြောင့် အဆိုပါ သစ်သီး(၄)မျိုးကို ချင်းရွှေဟော်-မိန့်တိန်၊ ကန်ပိုက်တီ-ဟိုချောင်၊ လွယ်ဂျယ်-ကျန်းဖုန်း စသည့်နယ်စပ်ဂိတ်များမှလည်း တရားဝင်တင်ပို့နိုင်ရေးအတွက် ပေကျင်းမြို့ရှိ မြန်မာသံရုံးမှတစ်ဆင့် တရုတ်နိုင်ငံ၊   အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)နှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ အဆိုပါ သစ်သီး(၄)မျိုးကို မူဆယ်-ရွှေလီနှင့်မိုင်းလား- တာလော့ဂိတ်နှစ်ခုမှသာ တင်သွင်းခွင့်ပြုထားသည့် ကန့်သတ်ချက်အား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ပယ်ဖျက်ပေးခဲ့သည်။

ထို့ နောက် တရုတ်နိုင်ငံသို့သစ်သီးဝလံများ တရားဝင်တင်ပို့နိုင်ရေး ဆက်လက်ဆောင်ရွက်ခဲ့ရာမြန်မာ နိုင်ငံမှ မင်းဂွတ်သီး၊ Longan(တောကြက်မောက်သီး)၊ ကြက်မောက်သီး၊ လိုင်ချီးသီး၊ သရက်သီး၊ ဖရဲသီး၊ သခွားမွှေး၊ ကုလားဇီးသီး စသည့်သစ်သီးဝလံ ၈ မျိုးကို Traditional Trade ဖြင့် တင်ပို့ခွင့်ပြုပေးလိုက်ပြီ ဖြစ်ကြောင်း ဩဂုတ် ၈ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ မြန်မာသံရုံးမှတစ်ဆင့်အကြောင်းပြန်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

                                                                                                                                                     

ကိုသစ္စာလှိုင်






အခြားဆက်စပ်သတင်းများ