ခရမ်း ဩဂုတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ ခရမ်းမြို့မဈေးကြီး ဈေးအတွင်းနှင့် ပျံကျဈေးတို့တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချရန်နှင့် ဈေးလာရောက်ဝယ်သူများကို နှာခေါင်းစည်း Mask တပ်ဆင်သွားလာရန် စစ်ဆေးခြင်းများကို ဩဂုတ် ၃၁ ရက်၊ နံနက်ပိုင်းက ဆောင်ရွက်ခဲ့စဉ်။
ကိုမင်း(ခရမ်း)