ရန်ကုန် ဩဂုတ် ၃၁
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့တော်အတွင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပ စေရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် စဉ်ဆက် မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၃၁ ရက် နံနက်ပိုင်းအချိန်ကလည်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ ရေစီးရေလာလုပ်ငန်းတာဝန်ခံအဖွဲ့မှ ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ ကျိုက္ကဆံလမ်းတစ်လျှောက် အုတ်ရေမြောင်း ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း တွေ့ရစဉ်။
နိုင်လင်းအောင်(ပြန်/ဆက်)