နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာမွေမြို့နယ်တွင် လွှတ်တော်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ ကပ်ထားကြေညာ

ရန်ကုန်၊  ဩဂုတ်  ၃၁


၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့က စိစစ်ရွေးချယ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၃၀ ရက် နံနက်ပိုင်းမှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တာမွေ မြို့နယ်ရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် သက်ဆိုင်ရာ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံ များ၌ မြို့နယ်အတွင်းရှိ ပြည်သူများ သိရှိလေ့လာနိုင်စေရန် ပုံစံ(၁၀)နှင့်ပုံစံ(၁၀-က)တို့ဖြင့် ကပ်ထား ကြေညာပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် မဲရုံပေါင်း ၁၂၃ ရုံရှိပြီး  ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာချိန်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၁၇၀၃၆ ဦးထိရှိရာ ၂၀၂၀ ပြည့်နှစ် ပါတီစုံ            ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နေရာအတွက် ၇ ဦး၊ အမျိုးသား လွှတ်တော်မဲဆန္ဒနယ် အမှတ်(၅)နေရာအတွက် ၆ ဦး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) နေရာအတွက် ၇ ဦး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)နေရာအတွက် ၈ ဦး၊ တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် (ကရင်တိုင်းရင်းသားလူမျိုး) နေရာအတွက် ၇ ဦးနှင့် တိုင်းဒေသကြီး လွှတ်တော်                 မဲဆန္ဒနယ်(ရခိုင်တိုင်းရင်းသားလူမျိုး)နေရာအတွက် ၆ ဦး စုစုပေါင်း ၄၁ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံ ကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ