နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ (၆၆) ကေဗွီ၊ (၃၃)ကေဗွီ ဓာတ်အားခွဲရုံများ၊ Distribution Transformer များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန် ဩဂုတ် ၃၁


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များတွင် (၆၆) ကေဗွီ၊ (၃၃)ကေဗွီ ဓာတ်အားခွဲရုံများ၊ Distribution Transformer များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ၊ ရေရှည်ဓာတ်အားတည်ငြိမ်ပြည့်ဝစွာပေးနိုင်ရေးအတွက် ဟောင်းနွမ်း၍ ဝန်အားမနိုင်နင်းတော့သော (၁၁) ကေဗွီ ဓာတ်အားလိုင်းကြိုးများကို လျှပ်ကာပါသော ဓာတ်အားလိုင်းကြိုးအသစ်များဖြင့် လဲလှယ်ခြင်းလုပ်ငန်းများနှင့်ဓာတ်အား ပြတ်တောက်မှု လျော့နည်းကျဆင်း စေရေးအတွက် သစ်ပင်/ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို သြဂုတ် ၃၁ ရက် (တနင်္လာနေ့) နံနက် ၉ နာရီအချိန်မှ မွန်းတည့် ၁၂ နာရီအချိန်ထိ ဆောင်ရွက်ခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ထုတ်ပြန်ကြေညာထားသည်။

အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အချိန်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သင်္ဃန်းကျွန်း၊ ဒဂုံ အရှေ့၊စမ်းချောင်း၊ အလုံမြို့နယ်များရှိ ရပ်ကွက်အချို့တို့တွင်အဆိုပါရက်၌အချိန်ပိုင်း ဓာတ်အားပြတ်တောက်မှု အနည်းငယ်ဖြစ်ပွားခဲ့သည်။

ယခုအခါကြိုတင်ပြင်ဆင်ဆောင်ရွက်ရခြင်းများပြုလုပ်ပြီးဖြစ်သောကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများကို  ပုံမှန်အတိုင်း ပို့လွှတ်ပေးခဲ့ပြီးဖြစ်သည်။

(WP)






အခြားဆက်စပ်သတင်းများ