နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Twitter က Tik Tok နှင့် လက်တွဲရန် စိတ်ဝင်စား

ဩဂုတ် ၃၁


အမေရိကန်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Microsoft  သည် Tik Tok ကို ဝယ်ရန်ကြိုးပမ်းသကဲ့သို့ Twitter ကလည်း Tik Tok နှင့် လက်တွဲရန် စိတ်ဝင်စားနေသည်။ ဆန်ဖရန်စစ္စကိုအခြေစိုက် Twitter သည် နာမည်ကျော် video-sharing app ဖြစ်သည့် Tik Tok နှင့် ပူးပေါင်းရန် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နေကြောင်း Wall Street Journal သတင်းက ဖော်ပြထားသည်။ Twitter နှင့် Tik Tok နှစ်ခုစလုံးက ဈေးကွက်ကောလာဟလများအပေါ် မှတ်ချက်ချရန် ငြင်းဆန်ထားသည်။


Twitter က Tik Tok နှင့် စွန့်စားပြီး အကျိုးတူပူးပေါင်းရန်စဉ်းစားနေခြင်းလည်း ဖြစ်နိုင်သည်။ သမ္မတ ဒေါ်နယ်ထရမ့် သည် ပြီးခဲ့သည့် ကြာသပတေးက တရုတ်လူမှုကွန်ရက်ကုမ္ပဏီ Byte Dance ပိုင် Tik Tok နှင့် အမေရိကန်ကုမ္ပဏီများအကြား စီးပွားရေးလုပ်ငန်းများလုပ်ဆောင်မှုကို ပိတ်ပင်မည့် ညွှန်ကြားချက်အမိန့်တစ်ခုတွင် လက်မှတ်ရေးထိုးခဲ့သည်။ 

Microsoft သည် စက်တင်ဘာ ၁၅ ရက်နောက်ဆုံးထားပြီး Tik Tok နှင့်အရောင်းအဝယ်အပြီးသတ်နိုင်ရန် စီစဉ်နေသည်။ ဩဂုတ်လ ၂ ရက်က Microsoft ၏ ထုတ်ပြန်ချက်အရ ကုမ္ပဏီ၏ CEO ဆတ္တယာ နာဒဲလာသည် TikTok ၏ အမေရိကန် ၊ ဩစတြေးလျ ၊ ကနေဒါ နှင့် နယူးဇီလန် လုပ်ငန်းများကို ဝယ်ယူရေးအတွက် သမ္မတထရမ့်နှင့် စကားပြောထားသည်။

 

Tik Tok ကုမ္ပဏီက သမ္မတထရမ့်၏ ပိတ်ပင်မှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း မရှိကြောင်း Tik Tok က တုံ့ပြန်ထားပြီး တရားစွဲရန်ပြင်နေသည်။                                   


(HWY)






အခြားဆက်စပ်သတင်းများ