ရန်ကုန် ဩဂုတ် ၃၁
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ခန့်အပ်သွားမည့် အထူးရဲများအား ရွေးကောက်ပွဲဆိုင်ရာသင်တန်းများ ပို့ချနိုင်ရန်အတွက် အထူးရဲနည်းပြ(ဆင့်ပွား)သင်တန်းဖွင့်ပွဲများကို ဩဂုတ် ၃၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ခရိုင်(၄)ခု၌ အသီးသီးကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက်မှ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၌ နံနက် ၉ နာရီအချိန်တွင်လည်းကောင်း၊ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၌ နံနက် ၁၀ နာရီခွဲအချိန်တွင်လည်းကောင်း၊ ဒုတိယ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်မင်းဦး မှ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့၊ သာကေတမြို့မရဲစခန်း၊ ဓမ္မာရုံ၌ နံနက် ၉ နာရီအချိန်တွင်လည်းကောင်း၊ တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှူးရုံး၌ နံနက် ၁၀ နာရီခွဲအချိန်တွင်လည်းကောင်း အသီးသီးဖွင့်လှစ်ပေးခဲ့ကြောင်းနှင့် အဆိုပါသင်တန်းကို ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁၁ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆွေဦး