နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နေရှင်းလိဂ်အတွက် အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်နဲ့ အသင်းစုဖွဲ့မှု

 ဩဂုတ်  ၃၁


စက်တင်ဘာလအတွင်း နေရှင်းလိဂ်ပွဲစဉ်နှစ်ပွဲကစားရမယ့် အင်္ဂလန်အသင်းဟာ စက်တင်ဘာ ၁ ရက်(အင်္ဂါ) နေ့မှာစတင်ပြီး စိန်ဂျော့ပါ့ခ်ကွင်းမှာ စုဖွဲ့လေ့ကျင့်မှုပြုလုပ်မှာဖြစ်ပါတယ်။ အဲဒီနေ့မှာ ကစားသမားအားလုံးကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းရှိ၊ မရှိ ချက်ချင်းဆေးစစ်မှုခံယူကြရမှာဖြစ်ပါတယ်။ အိုက်စလန်ကိုမသွားခင် သောကြာနေ့ထိ လေ့ကျင့်ရေးကွင်းမှာပဲ နေကြရမှာဖြစ်ပါတယ်။


 အင်္ဂလန်အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် စက်တင်ဘာ ၅ ရက်မှာ အိုက်စလန်နဲ့ ကစားရမှာဖြစ်ပါတယ်။ အဲဒီပွဲပြီးရင်လည်း အင်္ဂလန်ကိုမပြန်တော့ဘဲ ရေကျာဗစ်တွင်နေထိုင်ကာ လေ့ကျင့်မှုတွေပြုလုပ်သွားမှာပါ။ ပုံမှန် ကာလမှာဆိုရင်  အင်္ဂလန်အသင်း အဝေးကွင်းပွဲနှစ်ပွဲကစားပြီးတိုင်း အင်္ဂလန်ပြန်ပြီး ဒုတိယပွဲအတွက် ပြင်ဆင် လေ့ရှိပါတယ်။ ခုအခြေအနေကတော့ အိုက်စလန်မှ ဒိန်းမတ်ကိုတိုက်ရိုက်သွားဖို့ စီစဉ်ထားခြင်းဖြစ်ပါတယ်။ အုပ်စုဒုတိယပွဲစဉ်အဖြစ် စက်တင်ဘာ ၈ ရက်ကို ပင်ဟေရင်မှာ  ဒိန်းမတ်အသင်းနဲ့ကစားရမှာဖြစ်ပါတယ်။


နည်းပြဆောက်ဂိတ်ဟာ ဩဂုတ်လအတွင်း ဥရောပပွဲစဉ်တွေကစားခဲ့ရတဲ့ မန်စီးတီးနဲ့မန်ယူက ကစားသမားတွေ ထည့်သွင်းရွေးချယ်မှုအပေါ်တွင်လည်း  ဆောက်ဂိတ်ကကာကွယ်ပြောဆိုခဲ့ပါတယ်။ မက်ဂွိုင်းယားကိုအသင်းမှာ ချန်လှပ်ခဲ့ပေမယ့် မန်ယူမှ ဂရင်းဝုဒ်နဲ့ ရက်ရှ်ဖို့ဒ်၊ မန်စီးတီးမှ ဝေါလ်ကားဖို့နှင့်နဲ့ စတားလင်းတို့ကိုရွေးချယ်ခဲ့ပါတယ်။


ဒီကစားသမားတွေကို ပွဲပန်းလို့အနားပေးရခြင်းဟာ မှန်ကန်တဲ့ဖြေရှင်းနည်းမဟုတ်လို့ ဆောက်ဂိတ်က တုံ့ပြန်ခဲ့ပါတယ်။  ဗီလာတောင်ပံကစားသမား ဂရီယာလစ်ရှ်ကိုချန်လှပ်ပြီး မျက်နှာသစ်တစ်ဦးဖြစ်တဲ့ လိဒ် ကွင်းလယ်ကစားသမား  ကယ်ဗင်ဖီးလစ်ကို ရွေးချယ်ခဲ့တာကြောင့် ဗီလာဂန္ထဝင်တွေဖြစ်တဲ့ တင်ရှားဝုဒ်၊ ဗီးဟင်ဒရီတို့က ဝေဖန်ခဲ့ကြပြီး ဟင်ဒရီက ပုဂ္ဂိုလ်ရေးအရရွေးချယ်တာလို့ စွပ်စွဲပြောဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ဆောက်ဂိတ်စုဖွဲ့ထားတဲ့ အင်္ဂလန်အသင်းဟာ နေရှင်းလိဂ်မှာ အောင်မြင်မှုရ၊မရဆိုတာတော့ စောင့်ကြည့်ကြဖို့လို ပါတယ်။                                                                                                                 


(SO)






အခြားဆက်စပ်သတင်းများ