နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်သွားလာရေး အသိပညာပေးနှိုးဆော်မှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်၊ ဩဂုတ် ၃၀


ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ မရှိစေရေး ကြိုတင်၍ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာရာတွင် (Mask) နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ကာ သွားလာစေရေး အသိပညာပေးနှိုးဆော်မှုများနှင့် Mask နှာခေါင်းစည်းများ (အခမဲ့) ဖြန့်ဝေပေးခြင်းကို ဩဂုတ် ၂၉ ရက်၊ နံနက်ပိုင်းနှင့် ညနေပိုင်းတို့က လူစည်ကားရာ နေရာများဖြစ် ကြသော လှိုင်ရတနာဈေး(ဘာတာဈေး) ရှေ့ ကားဂိတ်၊ ဆိုက်ကားဂိတ်များ၊ YBS မော်တော်ယာဉ်များနှင့် လှိုင်သာယာဈေးလေးတို့တွင် Covid-19 ကာကွယ်ထိန်းချုပ်ရေးကော်မတီဝင်များ မြို့နယ်တာဝန်ရှိသူများ ပူးပေါင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ဝေထားသော လက်ကမ်းစာ‌စောင်များ ဝေငှခြင်း၊ Mask Campaign များပြုလုပ်ခြင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက သရုပ်ဖော်အသိပညာပေးခြင်းစသည့် လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြစဉ်။


ကြည်‌ဇေသော်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ