မန္တလေး ဩဂုတ် ၃၀
ရန်ကုန်-မန္တလေးအမြန်လမ်း ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် သြဂုတ်၂၉ ရက်၊ နံနက် ၉ နာရီမှ ၁၁ နာရီအထိ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် စကားအင်းတိုးဂိတ်နှင့် မိထ္ထီလာမြို့ နယ်သီးကုန်းတိုးဂိတ်တို့တွင် ဖြတ်သန်းသွားလာသည့် အိမ်စီးယာဉ်ငယ်များ၊ ခရီးသည်တင်ယာဉ်များအား စစ်ဆေးကြပ်မတ်ပြီး အသက်ကယ်ထိုင်ခုံခါးပတ်ပတ်ရေး၊ ခွင့်ပြုသတ်မှတ်ထားသော ယာဉ်မောင်းလိုင်စင်ဖြင့် မောင်းနှင်ရေး၊ ယာဉ်မောင်းနှင်စဉ်အရက်သေစာသောက်စားမှုမရှိစေရေး၊ မော်တော်ယာဉ်ပေါ်တွင် သက်တမ်းရှိ မီးသတ်ဆေးဘူးပါရှိရေး၊ ခွင့်ပြုသတ်မှတ်ထားသောအမြန်နှုန်း အတွင်းမောင်းနှင်ရေး၊ အမြန်လမ်းပေါ်ရပ်တန့် ခြင်းမပြုရေး၊ လမ်းဘေးမြေသားပေါ်ရပ်တန့်ရေးနှင့် အခက်အခဲဖြစ်ပေါ်ပါကနီးစပ်ရာ အမြန်လမ်းရဲစခန်း၊ ရဲကင်း များသို့ အချိန်မရွေးအကူအညီတောင်းခံနိုင်ကြောင်း အသိပညာပေးဟောပြောဆောင်ရွက်စဉ်။
မောင်ပြည်သူ(မန္တလေး)