မန္တလေး ဩဂုတ် ၃၀
မန္တလေးတိုင်းဒေသကြီး Coronavirus Disease 2019 (Covid-19)အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၂၈ ရက်၊ ညနေ ၃ နာရီက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားရာဒေသများမှ ဝင်ရောက်လာသူများရှိပါက Covid-19 အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် သတ်မှတ် စည်းကမ်းချက်များအတိုင်း တိကျစွာဆောင်ရွက်သွားရေးအဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားစဉ်။
မောင်ပြည်သူ(မန္တလေး)