နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Facebook က Instagram likes နှင့် comments များ အတုအပပြုလုပ်ရောင်းချသူတစ်ဦးကို တရားစွဲဆိုထား

ဩဂုတ်  ၃၀


Facebook သည် Instagram likes နှင့် comments များ အတုအပပြုလုပ်ရောင်းချသူတစ်ဦးကို တရားစွဲလိုက်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

"Fake Engagement Service" အနေဖြင့် ယခုကဲ့သို့ Instagram ပေါ်က likes နှင့် comment အတုပြုလုပ်ပြီး ရောင်းချသူကို တရားစွဲလိုက်ခြင်းဖြစ်ကြောင်း Engadget သတင်းက ပြောထားသည်။ Nakrutka ဟု ခေါ်သည့် ထိုတန်ဆောင်မှုသည် bots နှင့်အလိုအလျောက်စနစ်သုံး software ကွန်ရက်တစ်ခုကို အသုံးပြုပြီး Instagram ပေါ်တွင် fake likes ၊ comments နှင့် followers များဖြန့်နေကြောင်း Facebook ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုအဖြစ်မျိုးသည် ပထမဆုံးအကြိမ်မဟုတ်ကြောင်း Facebook သည် ယခင်ကလည်း Instagram like အတုပြုလုပ်သူတစ်ဦးကို တရားစွဲခဲ့ဖူးကြောင်း တရားစွဲရာတွင်လည်း အချက်အလက်တလွဲသုံးမှုနှင့် တရားစွဲခြင်းဖြစ်ကြောင်း facebook ကပြောထားသည်။  ပြီးခဲ့သည့်နှစ်ထဲတွင် Facebook သည် နယူးဇီလန် ကုမ္ပဏီတစ်ခုကို Instagram Engagement ဝန်ဆောင်မှုအတုပြုလုပ်ခြင်းနှင့် တရားစွဲခဲ့သည်။

ယခုနှစ်ထဲတွင်လည်း စပိန် developer တစ်ဦးကို Instagram like အတုလုပ်ရောင်းချမှုနှင့် တရားစွဲခဲ့ ကြောင်း Engadget သတင်းကပြောထားသည်။ Facebook သည် သုံးစွဲသူများ၏အချက်အလက်များကို အန္တရာယ်ရှိဆော့ဖ်ဝဲလ်အသုံးပြုပြီး ရယူစုဆောင်းခဲ့သည့် MobiBurn ဆိုသည့် developer တစ်ဦးကိုလည်း တရားစွဲထားကြောင်း၊ MobiBurn သည် ယင်း၏ ဆော့ဖ်ဝဲလ်နှင့် app တင်သွင်းသည့် သုံးစွဲသူများဆီက နာမည်၊ Time Zone၊ အီးမေးလ်လိပ်စာနှင့် ကျား/မ အမျိုးအစားစသည့်အချက်အလက်များရယူခဲ့ခြင်းဖြစ်ကြောင်းကို လုံခြုံရေးသုတေသီများသည် Facebook ကို အသိပေးခဲ့သည်။                                       

(HWY)






အခြားဆက်စပ်သတင်းများ