နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၁၅ ပေအနက်ရှိ ရေတွင်းထဲပြုတ်ကျသူတစ်ဦး ကယ်ဆယ်နိုင်ခဲ့

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု၊ မြစံကျေးရွာ၊ ဝါးခြံအတွင်းရှိ အနက် ၁၅ ပေခန့်ရှိ သော ရေတွင်းထဲသို့ အမျိုးသားတစ်ဦးပြုတ်ကျနေကြောင်းကို မတ် ၂၈ ရက်၊ ညနေ ၄ နာရီ ၈ မိနစ်ခန့်က သထုံမြို့နယ်မီးသတ်စခန်းမှ သတင်းရရှိခဲ့သည်။ အဆိုပါသတင်းကြောင့် သထုံမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၇ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးတို့နှင့် သက်ဆိုင်ရာအဖွဲ့အစည်း များ ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ရေတွင်းထဲပြုတ်ကျနေသူကို ညနေ ၄ နာရီခွဲတွင် အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့သည်။ ထို့နောက် အကြင်နာတွဲလက်များ လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် သထုံခရိုင်၊ ပြည်သူ့ဆေးရုံ ကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (NWA)






အခြားဆက်စပ်သတင်းများ