နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုင်းဒေသကြီးစိုက်ပျိုးရေးမိသားစုမှ ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသော ကောက်စိုက်သမများအား ထောက်ပံ့ငွေပေးအပ်

ခင်ဦး    ဩဂုတ်     ၃၀


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ဩဂုတ် ၂၂ ရက်က သာဝတ္ထိကျေးရွာမှ ကောက်စိုက် သမများတင်ဆောင်လာသောယာဉ်မှာ ဂွေးကုန်းကျေးရွာအနီးတွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။ 

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် တိုင်းဒေသကြီးစိုက်ပျိုးရေးမိသားစုက သေဆုံးသွားသူတစ်ဦးအတွက် ငွေကျပ် တစ်သိန်း၊ ထိခိုက်ဒဏ်ရာရရှိသူ ၂၆ ဦးအတွက်  တစ်ဦးလျှင် ငွေကျပ် ၂၅၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၇၅၀၀၀၀ ကို ဩဂုတ် ၂၇ ရက်က မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဒေါ်လှကြိုင်နှင့် ဝန်ထမ်းများကသာဝတ္ထိကျေးရွာသို့ သွားရောက်ပြီးထောက်ပံ့ငွေများကိုလက်ဝယ်အရောက် ပေးအပ်ခဲ့သည်။ ထို့နောက် ရွှေဘိုဆေးရုံတွင် အရေးပေါ် လူနာအဖြစ် ဆေးကုသမှုခံယူနေသောလူနာ(၂) ဦးအတွက် ငွေကျပ် ၁၅၀၀၀၀ ကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


စိုးဝေအောင်(ခင်ဦး)






အခြားဆက်စပ်သတင်းများ