ရေကြည် ဩဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတရေရှည် တည်တံ့ပွားများစေရန်၊ စဉ်ဆက်မပြတ်ငါးစားသုံးနိုင်ရေးနှင့် ငါးထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရန် အတွက် သဘာဝရေပြင်၊ မြစ်ချောင်းများ၊ ဆည်တမံများ၊ ဂရန်အင်များနှင့်စပါးခင်းများအတွင်းသို့ နှစ်စဉ်ငါးမျိုးများစိုက် ထည့်လျက်ရှိရာ ယခုနှစ်တွင် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၌ ငဝန်မြစ်အတွင်းသို့ငါးသားပေါက်ကောင် ရေ ၅၄၀၀၀၀ စိုက်ထည့်ခြင်း အခမ်းအနားကို ဩဂုတ် ၃၀ ရက်၊ နံနက် ၉ နာရီအချိန်က သောင်ရွာ ကူးတို့ဆိပ်တွင် ကျင်းပစဉ်။
အောင်သူဟန်(ပြန်/ဆက်)