ရန်ကုန် ဩဂုတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အခြေစိုက် Mapco ကုမ္ပဏီဧရိယာအတွင်းရှိ လယ်ယာများတွင်မိုးစပါးနွေစပါးများ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်မိုးရာသီတွင်ပခန်းမျိုးစပါးသစ်စမ်းသပ်စိုက်ပျိုးထုတ်လုပ် မျိုးစေ့ချခြင်းကိုသြဂုတ် ၂၉ ရက် နံနက် ၁၀ နာရီကပြုလုပ်ခဲ့သည်။
ယင်းမျိုးစပါးသည် ရန်ကုန်တိုင်းတွင်စိုက်ပျိုးထုတ်မှုမရှိသေးကြောင်းသိရှိရပြီး မျိုးစေ့ချရာတွင်လည်း တစ်ဧကတစ်တင်းခွဲသာ ကျဲချပေးရပြီး အထွက်နှုန်းမှာလည်း တင်း ၈၀ မှ တင်းတစ်ရာကျော်အထိထွက်ရှိ နိုင်ကာ အခြားမိုးစပါးသက်ကြီးများ စိုက်ပျိုးထားရှိသလို ယခုနှစ်မိုးရာသီတွင် ပခန်းမျိုးစပါးကို ၅ ဧက စိုက်ပျိုးစမ်းသပ်လျက်၊ စပါးပျိုးသက် (၁၁၅) ရက်သာရှိကြောင်းနှင့် Export တန်းဝင်သဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဌ ဦးရဲမင်းအောင်က နည်းပညာပေးစမ်းသပ်စိုက်ပျိုးထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ တောင်သူများသိရှိနိုင်စေရန်၊ မျိုးစပါးပြန့်ပွားမူရစေရန်ရည်ရွယ်၍ စိုက်ပျိုးထုတ်လုပ်စေခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ယင်းမျိုးစပါးသည်သက်တမ်းတိုစပါးဖြစ်ပြီး နွေ၊ မိုးစိုက်ပျိုးထုတ်လုပ်နိုင်လျက်စတင် စိုက်ပျိုးချိန် ဩဂုတ် ၃၀ ရက်မှစတင်၍ နိုဝင်ဘာလ ဒုတိယပတ်တွင်ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်းရိတ်သိမ်းရာတွင်လည်း အလေ့အလွင့်နည်းပါးစေရန်ကုမ္ပဏီရှိရိတ်စက်များဖြင့်ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း တွံတေးမြို့နယ်ရှိ ကုမ္ပဏီတာဝန်ခံမန်နေဂျာ ဦးညီညီလွင်က ရှင်းလင်းပြောကြားခဲ့သည်။ မြေပြင်မြေညှီရာတွင်လည်း ထွန် စက်ကြီးများဖြင့် စနစ်တကျထွန်ယက်ထားမူကြောင့် ရေတော်မိုးတော်မြေပြင်ညီညာသဖြင့်စပါးအထွက်ကောင်းမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ယခုနှစ်စမ်းသပ်စိုက်ပျိုးထုတ်လုပ်ခြင်းအားမြို့နယ်စိုက်ပျိုးရေး ဦးစီး ဌာနနှင့်မြေစာရင်းဌာနများသို့ အသိပေးစာရင်းတင်ပြထားခြင်းများကြောင့် တွံတေးမြို့နယ်အတွင်း နောင်နှစ် များတွင်ပိုမိုကျယ်ပြန့်သိရှိစွာ စိုက်ပျိုးထုတ်လုပ်သွားနိုင်ကြမည်ဖြစ်ကြောင်းနှင့် လက်မှုလယ်ယာမှ စက်မှု လယ်ယာစနစ်ကူးပြောင်းလာကြရာတွင် မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္မဏီ APCO ပါဝင် နည်းပညာပေးပူးပေါင်းလာမှုကြောင့်ဒေသအတွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိ စမ်းသပ်ထုတ်လုပ်လာနိုင်ကြ မည်ဖြစ်ကြောင်း သိရသည်။
အံ့ကြီးမောင်(ဒလ)