နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေး ဆောင်ရွက်ထားမှုများအား ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဧပြီ ၂၂ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ထားခြင်းရှိ၊ မရှိကို ဧပြီ ၂၁ ရက်၊ မွန်းလွဲ ၁ နာရီက မြို့နယ်ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ ဥက္ကဋ္ဌ၊ နာယကများနှင့် ကော်မတီအဖွဲ့ဝင်များ ကြီးကြပ်၍ ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ လုပ်သား အင်အားများပြားသော Inno City ဆောက်လုပ်ရေးလုပ်ငန်း၊ Korace အထည်ချုပ်စက်ရုံ၊ PW & GG အထပ်သားစက်ရုံများသို့ သွားရောက်၍ ကိုရိုနာဗိုင်းရပ်စ်‌ရောဂါကာကွယ်ရေးဆောင်ရွက်ထားရှိမှုများကို စစ်ဆေးပြီး လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်ရန် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။ နေထက်အောင်






အခြားဆက်စပ်သတင်းများ