နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
UMFCCI Webinar Series Episode (12) အတွက် ကြိုတင်မေးခွန်းများပေးပို့နိုင်

ရန်ကုန် ဩဂုတ် ၃၀


လမ်းမတော်မြို့နယ် UMFCCI မှ ရိုက်ကူးတင်ဆက်ထုတ်လွှင့်သွားမည့် UMFCCI Webinar Series: New Beginnings through Renewed Partnerships ကို သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ပညာရှင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များရဲ့ အကြံဉာဏ်၊ အတွေးအမြင်၊ အယူအဆများကိုတင်ဆက်သွားမှာဖြစ်ပြီး ယခု Episode (12)တွင် ဆွေးနွေးရန် ပါဝင်လာသည့် ပုဂ္ဂိုလ်များမှာဦးသောင်းတင် ၊ ဥက္ကဋ္ဌ၊   Myanmar Digital Economy Association၊ ဦးမင်းဇေယျာလှိုင်၊ ဥက္ကဋ္ဌ၊    မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ ဦးဝေဖြိုး ၊ ဒုတိယဥက္ကဋ္ဌ၊   မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ဦးအေးချမ်း ၊ ဥက္ကဋ္ဌ၊ E-commerce Association တို့ဖြစ်သည်။

အစီအစဉ်တွင်  Moderator  အဖြစ်  ဒေါက်တာထွန်းသူရသက် ၊ အဖွဲ့ဝင်၊  Digital Economy Development Committee (DEDC)မှ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်သည်။ယခုဆွေးနွေးပွဲတွင် ဒစ်ဂျစ်တယ် စနစ်ကူးပြောင်းရာတွင် ရရှိမည့် အခွင့်အလမ်းများနှင့် တွေ့ကြုံရမည့်စိန်ခေါ်မှုများ၊ IR 4.0 နည်းပညာရပ်များ၊   E Commerce ဝန်ဆောင်မှုများ၊နည်းပညာအထောက်အပံ့များနှင့် အကျိုးကျေးဇူးများကိုဆွေးနွေးသွားမှာဖြစ်ပြီး ပါဝင်ဆွေးနွေးပေးမည့် ပုဂ္ဂိုလ်အား မေးမြန်းလိုသည့် အချက်အလက်များ၊ မိမိတို့၏ အတွေးအမြင်၊ အယူအဆများ၊ အကြံပြုလိုသည်များနှင့် မေးမြန်းလိုသည်များရှိပါက ၁.၉.၂၀၂၀ ရက် (အင်္ဂါနေ့ ညနေ - ၄:၀၀ နာရီ) အထိ ပေးပို့နိုင်ပြီး ဖော်ပြထားသည့် ထုတ်လွှင့်ရက်နှင့် အချိန်၌ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ